MNP ၊ ဇန်နဝါရီ ၃၀
တပ်မတော်မှ ရဟတ်ယာဉ် Eurocopter 365 (၁) စီးအား (K.N.L.A)အကြမ်းက်အဖွဲ့က ပစ်ချ ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း KNU အကြမ်းဖက်သောင်းကျန်းသူများက ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၉ ရက်၊ ၁ လ၊ ၂၀၂၄ ခုနှစ်၊ မွန်းလွဲ (၂:၀၀) နာရီ ဝန်းကျင်က တပ်မတော်၏ Eurocopter 365 (၁) စီးအား ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) KNLA အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းအကြမ်းဖက်အဖွဲ့များက ပစ်ချ ဖျက်စီးနိုင်ခဲ့ကြောင်း၊ တပ်မတော် အမှတ် (၃၂) ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ ကေအဲယူန် - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော မော်လမြိုင် ရတခတက် Mi - 35P Attack Helicopter (၁) စီး နှင့် Eurocopter 365 (၁) စီးတို့အား (K.N.L.A)နှင့် ပူးပေါင်း အကြမ်းဖက်အုပ်စုများက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Eurocopter 365 (၁) စီးအား ပစ်ချနိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုလေယာဉ်တွင် လိုက်ပါလာသော ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူး (၃) ဦး နှင့် ဗိုလ်ကြီး (၁) ဦး စုစုပေါင်း (၅) ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာရခဲ့ကြောင်း KNU အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment