MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် အနုပညာရှင် ဆိုသူတွေ ဘာအသံထွက်လဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် အနုပညာရှင် ဆိုသူတွေ ဘာအသံထွက်လဲ



နိုင်ငံတဝှမ်း မြို့နယ်အသီးသီးမှာ MNDAA အကြမ်းဖက်အဖွဲ့က ဘာသာ သာသနာအပေါ် စော်ကားလာတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ရဟန်းရှင်လူ ပြည်သူများက ဆန္ဒပြ ကန့်ကွက် ရှုတ်ချမှုတွေ လုပ်ဆောင်နေကြပါတယ်။ ၈-၁-၂၀၂၃ ရက်နေ့မှာ MNDAA အကြမ်းဖက်အဖွဲ့ဝင်များက လောက်ကိုင်မြို့၊ ဆီအောကျေးရွာအနီးရှိ ဆင်ဦးကင်းတောင်ထိပ်မှာ ရှိတဲ့ ရွှေတိဂုံစေတီတော်ကို ပေါင်တူနဲ့ ထုဖြိုပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ဘုရားဖြစ်လျင်ပင် ပျောက်ကွယ်ပျက်စီးစေရမည်လို့ စော်ကားရေးသားပြီး ရုပ်သံကို လူမှုကွန်ရက်ကနေ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အလားတူ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကိုလည်း ထုခွဲဖျက်ဆီးတဲ့ ရုပ်သံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပြသခဲ့ကြပါတယ်။

MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် မန္တလေးမြို့က သံဃာတော်များက ဦးဆောင်ပြီး ဆန္ဒပြကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့ကြပြီး ရန်ကုန်၊ နေပြည်တော်၊ လားရှိုး၊ မော်လမြိုင်၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူး အပြင် အခြားသော နယ်မြို့များမှာ သံဃာတော်များနဲ့ ပြည်သူများက ဆန္ဒပြ ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်နေကြတာကို တွေ့မြင်လာရပါတယ်။ ဒီရက်ပိုင်းအတွင်း မြို့နယ် (၅၀)ထက် မနည်း သံဃာတော်များရဲ့ ဦးဆောင်မှုနဲ့ ပြည်သူများက MNDAA အကြမ်းဖက်အဖွဲ့က ဘာသာ သာသနာ အပေါ်  အောက်တန်းကျ ယုတ်မာရိုင်းစိုင်းစွာ ပြုမူခဲ့တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချနေကြခြင်း ဖြစ်ပါတယ်။

သံဃာတော်များနဲ့ ပြည်သူများအနေနဲ့ တဖက်မှာ အကြမ်းဖက်အဖွဲ့တွေက ရန်ပြုစော်ကားဖို့ စောင့်ကြည့်နေတဲ့ ကြားက ဘာသာ သာသနာအပေါ် ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျ ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်လာတဲ့ လုပ်ရပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်လျက်ရှိပါတယ်။

ဒီလို ဆောင်ရွက်နေတဲ့ နေရာမှာ အနုပညာရှင်ဆိုသူ တစ်ဦးတစ်ယောက်မှ သံဃာတော်များနဲ့အတူ၊ လက်တွဲပြီး လိုက်ပါလာတာကို မတွေ့ရတာ အံ့သြစရာ ဖြစ်နေပါတယ်။ မဲလိမ် မဲခိုးမှုတွေကြောင့်၊ အဂတိလိုက်စားမှုတွေကြောင့် NLD ပါတီ အာဏာလက်မဲ့ ဖြစ်သွားစဉ်က အနုပညာရှင်ဆိုသူတွေ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။  နိုင်ငံရေးလုပ်စားသူတွေရဲ့ ရေးသားလှုံ့ဆော်မှုတွေကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေကနေ ထပ်ဆင့် ဖြန့်ဝေပေးခဲ့ကြတယ်။ ဆူပူအုံကြွမှုကြီး ဖြစ်ပေါ်အောင် ဓာတ်ဆီလောင်းပေးခဲ့ကြတယ်။

အခု MNDAA က ဘာသာရေးစော်ကားမှု လုပ်လာတယ်။ အနုပညာရှင် အများစုသည်လည်း ဗုဒ္ဓဘာသာဝင်များပဲ ဖြစ်ပါတယ်။ မိမိတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကို စော်ကားလာတဲ့ အခြေအနေမှာ ဘာသံမှ မထွက်ကြဘူး။ အင်္ဂလိပ်မယား အဖွားကြီးတစ်ယောက်ကို မှီခိုပြီး နိုင်ငံရေးလုပ်စားသူတွေ အာဏာလက်မဲ့ ဖြစ်သွားတဲ့ မျက်ရည်ခြူကြတယ်။ အာသီးယောင်ကြတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေက ပိုပြီး ပီပြင်သေးတယ်ဗျာ။

ဒီအခြေအနေ နှစ်ရပ်အပေါ်ကို အခြေခံပြီး တိုင်းဖျက် ပြည်ဖျက် ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေကို မေးခွန်းထုတ်လိုပါတယ်။ ခင်ဗျားတို့ကို NLD ပါတီက နိုင်ငံရေးလုပ်စားသူတွေက သူတို့နဲ့ ဆူပူအကြမ်းဖက် နိုင်ငံရေးလှုံ့ဆော်မှုတွေ လုပ်ဖို့ အနုပညာကြေး သိန်းပေါင်း ရာထောင်ချီ ပေးခဲ့တယ် မဟုတ်လား။ 

ခင်ဗျားတို့ ထင်မှတ်မထားတဲ့ အနုပညာကြေးရတဲ့အခါကြတော့ မဲလိမ်မဲခိုး NLD ပါတီ အာဏာပြန်လည် ရရှိရေး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေမှာ သရုပ်ဆောင်များပီပီ သဏ္ဍာန်လုပ် သရုပ်ပီပြင်အောင် ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ပေးခဲ့ကြတာကို ဝန်ခံကြဖို့ အချိန်တန်ပြီ။

အခု ဘာသာ သာသနာအပေါ် ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးစော်ကားတဲ့ လုပ်ရပ်ထက်ပိုပြီးဆိုးတာ ဘာရှိအုံးမလဲ။ အခု အနုပညာရှင်ဆိုသူတွေ အနုပညာကြေး မရတော့ ငိုချင်းလည်း မချဘူး။ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်လေးတစ်စောင်တောင် မထုတ်ပြန်ဘူး။ 

ပြောလိုရင်းကတော့ ခင်ဗျားတို့တွေဟာ ငွေကို မျက်နှာမူလွန်းအားကြီးနေတယ်။ ငွေရရင် တိုင်းဖျက် ပြည်ဖျက် ဆူပူအကြမ်းဖက်လှုံ့ဆော်ဖို့လည်း ဝန်မလေးဘူး။ ငွေမရတော့ မိမိတို့ ကိုးကွယ်ရာ ဘာသာ သာသနာအပေါ် စော်ကားလာတဲ့ လုပ်ရပ်အပေါ်မှာတောင် ခင်ဗျားတို့ တုန့်ပြန်ရကောင်းမှန်း မသိဘူး။ ကန့်ကွက်ရှုတ်ချဖို့ ဝေးစွ။ Follower သန်းချီရှိပါတယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ "MNDAA အကြမ်းဖက်အဖွဲ့ကတော့ တို့ဘာသာ သာသနာ ကို စော်ကားနေပြီ" ဆိုတဲ့ စာလေးတစ်ကြောင်းတောင် ခင်ဗျားတို့ မရေးပါဘူး။

ရေးပါလို့လည်း မတိုက်တွန်းပါဘူး။ အကြမ်းဖက်လှုံ့ဆော်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင် ဆိုသူတွေ မဲသူခိုးပါတီ NLD အာဏာလက်မဲ့ ဖြစ်သွားချိန်မှာလည်း ခင်ဗျာတို့ အဲဒီလိုနေတတ်ရမှာ။ ခင်ဗျားတို့သာ မလှုံ့ဆော်ရင် လူငယ်တွေ အသိမှား အမြင်မှား မဖြစ်တော့ဘူး။ အကြမ်းဖက်သမားလေးတွေ အဖြစ်နဲ့ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း သတ်ဖြတ်မှုတွေ လုပ်ကြမှာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်စားသူတွေနဲ့အတူ အနုပညာရှင်ဆိုသူတွေက ပြည်သူလူထုကို နိုင်ငံရေးမှိုင်းတိုက်ခဲ့ကြတယ်။ လူငယ်တွေကို အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းပို့ခဲ့ကြတယ်။ ခင်ဗျားတို့ ပယောဂတွေ ပါတယ်။ အခု ခင်ဗျားတို့ရဲ့ လှုံ့ဆော်မှုကြောင့် အကြမ်းဖက်သမားဖြစ်သွားတဲ့ နီပိန်းလေးတွေက သံဃာတော်တွေကို သတ်ဖြတ်တယ်။ ဆရာ/ ဆရာမတွေကို သတ်ဖြတ်တယ်။ အပြစ်မဲ့ ပြည်သူပေါင်း (၇၆၀၀)ကျော် အထိ သတ်ဖြတ်ခဲ့ကြပြီးပြီ။

ဒါကို ထောက်ပြရေးသားခြင်းဟာလည်း အနုပညာရှင်ဆိုသူများ အသိတရားလေး ရစေချင်လို့ပါ။ ခင်ဗျားတို့တွေဟာ ပါသင့်တဲ့ နေရာမှာ မပါဘူး။ မပါသင့်တဲ့ နေရာမှာ ပါတယ်။ တိုင်းပြည် နာခဲ့ရတယ်။ အမျိုးယုတ် မျက်နှာဖြူ အင်္ဂလိပ်မယားနဲ့ နိုင်ငံရေးလုပ်စားသူတွေ အာဏာရဖို့အရေးကို ရဟန်းရှင်လူပြည်သူတွေရဲ့ အသက်ပေါင်းများစွာ စတေးရအောင် ခင်ဗျားတို့ လုပ်ခဲ့ကြတယ်။ မိမိတို့ရဲ့ ကိုးကွယ်ရာ အထွဋ်အမြတ် ဘာသာတရားကို ထိပါးစော်ကားလာတဲ့ အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်အပေါ်မှာတော့ ခင်ဗျားတို့ စာလေးတစ်ကြောင်း၊ စကားလေးတစ်ခွန်းတောင် အများပြည်သူကြားကို ချမပြဝံ့ပါဘူး။ ခင်ဗျားတို့ အခုလိုပဲ နေတတ် ထိုင်တတ် လုပ်စားတတ်ကြပါစေ။


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)