ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စိုက်ပျိုးရေး၊ မွေးမြူရေး MSMEနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများနှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွှန်အကောင်အထည်ဖော်ရေး အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စိုက်ပျိုးရေး၊ မွေးမြူရေး MSMEနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများနှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွှန်အကောင်အထည်ဖော်ရေး အစည်းအဝေးတက်ရောက်

MNP ၊  ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး MSMEနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများနှင့် ပတ်သက်၍ လုပ်ငန်းလမ်းညွှန်အကောင်အထည်ဖော်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ညှိနှိုင်း အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အစည်းအဝေး ကျင်းပရခြင်း အဓိကအကြောင်းရင်းမှာ ရခိုင်ပြည်နယ် ၏ စိုက်ပျိုးရေး၊ မွေးမြူရေး MSMEနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများနှင့်ပတ်သက်၍ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် မိုးစပါးများလည်း ရာနှုန်းပြည့် ရိတ်သိမ်းပြီးဖြစ်သဖြင့် ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံများကို အချိန်မီစိုက်ပျိုးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ဆန်ဖူလုံမှု၊ ဆီဖူလုံမှုလျော့ကျမှုမရှိစေရေးအတွက် ပြည်နယ် တောင်ပိုင်းတွင် ပိုမို၍ကြိုးစားအားထုတ် စိုက်ပျိုးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍ အနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း မွေးမြူရေးလုပ်ငန်းများအား ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှလည်း တတ်နိုင်သမျှ ချေးငွေများ ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊  အလားတူ ရခိုင်ပြည်နယ်အတွင်း စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိဒေသနှင့်ကိုက်ညီ သော ဆန်စပါးအဆင့်မြှင့်တင်ထုတ်လုပ်ရေး၊ ရေထွက်ကုန်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်ရေး၊ ရိုးရာရက်ကန်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အောင်မြင်အောင်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေထုတ်ချေးပြီး ဆောင်ရွက်နေသော လုပ်ငန်းများကိုလည်း အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ဆောင်ရွက်ပေးရမည့်ကိစ္စများ၊ အခက်အခဲများကိုလည်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရခိုင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ အတွင်း မိုးစပါး၊ ဆောင်းသီးနှံနှင့် ဟင်းသီးဟင်းရွတ်များစိုက်ထားရှိမှုနှင့် မိုးစပါးရိတ်သိမ်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက တိရစ္ဆာန်မွေးမြူထားရှိမှုနှင့် အစားအစာများစိုက်ပျိုးထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က MSME လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက MSME လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုအားရှင်းလင်းတင်ပြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူးများက မိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)