ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား

ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ က ယမန်နေ့  နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရွှေတောင်မြို့နယ်၊မီးလောင်​ကျေးရွာအုပ်စု ၊ကွင်းအမှတ် ( ၄၈၈) ဥဒိန်ကွင်းအတွင်းရှိ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခု၊ဘဏ္ဍာရေး နှစ်၊ အကောင်ထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် "ခွေးလူးအိုင် ဆည်တမံ" နှင့် ၁၉၆၄-ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ပေးခဲ့သည့် " သဲဖြူဆည်တမံ" တို့အား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ ဆည်တမံများမှ မီးလောင်ကျေးရွာအုပ်စုများရှိ လယ်မြေ ( ၁၂၀၀) ဧကခန့်တို့အား နှစ်စဉ်မိုးစပါးအောင်ရေရရှိနိုင်ရေး ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် "သဲဖြူဆည်တမံ"၏ ရေဝင်၊ရေထွက်မြောင်းလက်တံများတိမ်ကောမှုများနှင့် ဆည်တမံအစိတ်အပိုင်းအချို့တို့ ပျက်စီးနေမှုများအပေါ် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး တင်ပြခဲ့သဖြင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးရမည့်အစိတ်အပိုင်းများကို တွက်ချက်ပေးရန်နှင့် အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများမှလည်း မျိုးပြောင်းလဲ စိုက်ပျိုးခြင်း ၊သွင်းအားစုနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့ကိုရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မီးလောင်ကျေးရွာအုပ်စု တောင်သူဦးရဲအောင်၏ ပြောင်း( စူပါ- ၇၀၂)( ၂)ဧက၊နေကြာ (၀. ၂၅) ဧကနှင့် မေမြို့ပန်း (၁. ၅၀) ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)