ရွှေတောင်မြို့ ၊မြို့မစည်ပင်သာယာစျေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့ ၊မြို့မစည်ပင်သာယာစျေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်





MNP ၊ ဇန်နဝါရီ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ပရိက္ခရာတန်းလမ်းရှိ မြို့မစည်ပင်သာယာစျေးကြီးတွင် ယမန်နေ့ နေ့လယ်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်ခဲ့သည်။

      ရှေးဦးစွာ ရွှေတောင်မြို့မစည်ပင်သာယာစျေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့် တာဝန်ရှိသူများက မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးများဖြင့်  သရုပ်ပြခြင်း၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကိုယ်တိုင် လက်တွေ့ငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ယာဥ်များ  ဖြင့် ရေထွက်သရုပ်ပြသခြင်း၊ ရေဖြန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

     အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ၊ စျေးအကျိုးတော်ဆောင်အဖွဲ့များ၊တက်ရောက်ခဲ့ကြပြီး မြို့နယ် မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဥ်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ယွန်းတန်း/ ကြာနီကန် ရပ်ကွက်ရှိအရန်မီးသတ်စခန်းများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စျေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များမှဇာတ်တိုက်သရုပ်ပြခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)