တောင်ငူမြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး စိုက်ပျိုးနည်းစနစ်ပညာပေး (ToT) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူမြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး စိုက်ပျိုးနည်းစနစ်ပညာပေး (ToT) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP  ၊ ဇန်နဝါရီ  ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များအား နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး စိုက်ပျိုးနည်းစနစ်ပညာပေး (ToT) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁၇)ရပ်ကွက် ကေတုရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြတ်မင်းထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ထပ်ဆင့်ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အဖွဲ့ဝင်များ၊ သင်တန်းတက်ရောက်သူများက ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခင်းကျင်းပြသထားသော မျိုးစေ့ချကိရိယာ၊ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် (အင်ဂျင်မပါ)၊ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် (အင်ဂျင်ပါ)တို့ကို ကြည့်ရှုကြသည်။

ထို့နောက် သင်တန်းအား ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်ဝင်းက “လယ်ယာမြေအကြောင်းသိကောင်းစရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်က လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းနှင့် အမွေဆက်ခံခြင်းကိစ္စရပ်များနှင့်စပ်လျဥ်း၍ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထက်ထက်မင်းက စက်မှုလယ်ယာအကွက်ချစနစ်၊ လက်ဆွဲကောက်စိုက်စက်အသုံးပြုခြင်းနှင့် Drum Seeder အသုံးပြုနည်းစနစ်များကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောဇော်ဇော်ဂျိမ်းက စိုက်နည်းစနစ်များကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူလယ်သမား (၁၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)