ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP  ၊ ဖေဖဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာ‌ရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြစိုက်ကွက်များနှင့် ပတ်သက်၍ သီးနှံဖွံ့ဖြိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ နွေစပါး(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးကို မျိုး၊ မြေ၊ ရေနည်းလမ်းအလိုက် ကြိုတင်စီမံဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၁)ဘီလီယံဖြင့် ချေးငွေရယူထားသည့်လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောက်ချက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်ရန်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကိုဗစ်(၁၉)ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ကျန်ရှိမှုမရှိစေရေး၊ မြေပြင်လူဦးရေစာရင်း မှန်ကန်စွာကောက်ယူနိုင်မှု အခြေအနေများ၊ (အပတ်စဉ်)စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ မိမိဌာန ရုံးပတ်ဝန်းကျင်တွင်လည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းထွဋ်တို့က မိမိနယ်မြေ ဒေသအတွင်းလုံခြုံရေးအား အထူးဂရုပြုနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလေးထားပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုများ အပေါ်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)