MNP ၊ ဖေဖဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများအကြောင်း အသိပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အုပ်ချုပ်ရေးဆိုင်ရာဥပဒေနှင့်နည်းဥပဒေများကို ပုဒ်မတစ်ခုချင်းစီအလိုက် သေသေချာချာသိရှိရန် လိုအပ်ပါကြောင်း၊ ဉပဒေစာအုပ်ပါအကြောင်းအရာများထဲမှ အုပ်ချုပ်ရေးလုပ်ငန်းအကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ တာဝန်၊ဝတ္တရာများနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်(၃)ချက်၊ အခြေခံမူ(၇)ချက်အပေါ် ကျေပွန်စွာဆောင်ရွက်သွားကြရန်၊ နည်းဥပဒေပါ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ရုံးတွင်းစီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာ စာရင်းဇယားများကို အချိန်နှင့်တစ်ပြေးညီဖြည့်သွင်းကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာရေးသွင်းရမည့် လူဦးရေအခြေပြစာရင်း၊ ပြောင်းရွှေ့ဝင်ရောက်မှုနှင့် ပြောင်းရွှေ့ထွက်ခွာမှု စာရင်း၊ မွေးစာရင်း၊ သေစာရင်းများကို ရေးသွင်းထားရှိပါက ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် “လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း”အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ စာရင်းဇယားများ မှန်မှန်ကန်ကန်ဖြည့်သွင်းခြင်းကြောင့် မိမိမြို့နယ်အတွက် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရာတွင် ချက်ချင်းဆောင်ရွက်နိုင်မည်ဖြစ်ရာ ယခုလိုနှစ်တစ်နှစ်၏ ပထမဆုံးလတွင် အလေးအနက်ထားဆောင်ရွက်ကြရန် ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ သိရှိလိုသည့် မေးမြန်းချက်များနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ အစည်းအဝေးသို့ မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၅၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း(၁၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment