ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကားဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုတ်ချပွဲ ရန်ကုန်မြို့တွင် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကားဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုတ်ချပွဲ ရန်ကုန်မြို့တွင် ဆောင်ရွက်









MNP ၊ ဖေဖော်ဝါရီ ၁

ယနေ့ ရန်ကုန်မြို့မှာ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကားဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပဆောင်ရွက်ခဲ့ကြပါတယ်။

အကြမ်းဖက်အဖွဲ့များအား ကန့်ကွက်ရှုတ်ချပွဲမှာ အမျိုးသားရေးဦးဆောင်ဆရာတော် သီရိပျံချီ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး အမျိုးသားရေး သံဃာတော်များနှင့် တက်ကြွလှုပ်ရှားသူများက ဟောပြောခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA အကြမ်းဖက်အဖွဲ့က စေတီတော်ကို ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် MNDAA အကြမ်းဖက်အဖွဲ့ကို နိုင်ငံအဝှမ်းမှာ ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အလားတူ TNLA အကြမ်းဖက်အဖွဲ့ကလည်း နမ့်ဆန်မြို့မှာ စေတီတော်ကို ဘက်ဟိုးနဲ့ ဖြိုဖျက်ပြီး ဌာပနာပစ္စည်းများကို ယူဆောင်သွားသည့် လုပ်ရပ်ကို ထပ်မံဆောင်ခဲ့ကြပါတယ်။

ပြည်ပနိုင်ငံများရဲ့ အထောက်အပံ့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ NUG ဦးဆောင်တဲ့ PDF, KNU, KIA အစရှိသော လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များကလည်း သံဃာတော်များကို ရက်စက်စွာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြပါတယ်။

အကြမ်းဖက်အဖွဲ့များက ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကားဖျက်ဆီးနေသည့် လုပ်ရပ်များ ဖြစ်ပေါ်လာသည့်အချိန်မျာ မန္တလေးမြို့က သံဃာတော်များနှင့် ပြည်သူများက ဦးဆောင်ကန့်ကွက်ခဲ့ကြပြီး အခြားသော မြို့ကြီးများမှာလည်း အကြမ်းဖက်အဖွဲ့များကို အမြစ်ပြတ်ခြေမှုန်းပေးဖို့ တောင်းဆိုမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်လာတာကို တွေ့မြင်ရပါတယ်။

ယနေ့ ရန်ကုန်မြို့မှာ သံဃာတော်များနှင့် ပြည်သူများက အကြမ်းဖက်အဖွဲ့များကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် အစိုးရအနေဖြင့်လည်း အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်သားစွာ လုပ်ဆောင်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ မှ ဆရာတော် ဦးပညာဝံသ က တပ်မတော်သည် ပြည်သူများအတွက်ဆို ထီးလို ကာကွယ်ပေးရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်ဆိုရင် စည်းကို လုံအောင် ကာကွယ်ရမှာ ဖြစ်ကြောင်း၊ ရန်သူအတွက်ဆိုရင် မီးလို ပြုကျင့်ရမှာ ဖြစ်ကြောင်း မိန့်ကြားခဲ့ဖူးပါတယ်။ ဆရာတော်က "တပ်မတော်အနေနဲ့ အကြမ်းဖက်အဖွဲ့များအပေါ် မေတ္တာမရောက်ဖို့နဲ့ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် သစ္စာမဖောက်ဖို့လည်း မိန့်ကြားခဲ့ပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)