ကမာဝက်မြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာဝက်မြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ




MNP  ၊ ဖေဖဝါရီ ၁

မွန်ပြည်နယ် ကမာဝက်မြို့တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကမာဝက်) စာသင်ကျောင်းရှိ ရွှေစင်ညီလာခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကမာဝက်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်က အမှာစကားပြောကြားပြီး မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အား/ ကာမှူး ဒေါ်နွယ်နီစံက ကျောင်းသား/ သူလူငယ်လူရွယ်များ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန် အားကစားပြိုင်ပွဲများကို နှစ်စဥ်ပြုလုပ်ပေးလျက်ရှိကြောင်း၊ အားကစားပြုလုပ်ရခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားကစားနှင့်ပတ်သက်၍ လူငယ်များ သိရှိစေရန်အချက်များအကြောင်းကို ရှင်းလင်းပြောကြား၍ Grade-8 အောင်မြင်သူများအနေဖြင့် အားကစားနှင့်ကာယသိပ္ပံကျောင်းတွင် တက်ရောက်နိုင်ရန် လာရောက်လျှောက်ထားနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ဟောပြောပွဲသို့ ကမာဝက်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ သူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား/ သူများ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)