MNP ၊ ဖေဖော်ဝါရီ -၂၄
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်း မြို့သန့်ရှင်းသာယာလှပရေးအတွက်အပတ်စဥ်စုပေါင်းသန့်ရှင်းရေးကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ ဘုရားနီလမ်းဆုံမှ တိလောကလမ်းဆုံအထိစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ( သရက်တော ၊ကြာနီကန်၊ယွန်းတန်း)အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များစုစုပေါင်းအင်အား (၂၀၈) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး ပေါင်းမြက်များ၊ ချုံနွယ်များနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment