တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့က နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက တပို့တွဲလနှင့်အတူ ယှဉ်တွဲကျင်းပသည့်ပွဲတော်သည် ထမနဲထိုးပွဲဖြစ်ကြောင်း၊ ထမနဲသည် ကောက်ညှင်း၊ အုန်းသီး၊ နှမ်းဆီ၊ နှမ်း၊ မြေပဲ၊ ချင်း(ဂျင်း)တို့ကို စီမံပြုလုပ်ရပြီးစုပေါင်း၍ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာသော မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်ကြောင်း၊ ထမနဲထိုးပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ ဦးစီးဌာနကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ မိမိတို့၏ဝန်ကြီးဌာနကို ချစ်မြတ်နိုးဂုဏ်ယူသည့် စိတ်ဓာတ်၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ တိုးတက်ဖြစ်ပေါ်လာအောင် မွေးမြူကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာမောင်းတီးခတ်ပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကြောင်းကြေညာပြီး ပြည်ထောင်စုဝန်ကြီး ရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်းသုံးသင်း၏ ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။


ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပထမဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံး အသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ဒုတိယဆုရရှိသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနအသင်းကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသော တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအသင်းကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)