လားရှိုးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးပြီ


MNP ၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ လားရှိုးပြည်သူ့စစ်(ဌာနေ)အဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် လက်နက်တပ် ဆင် အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ ပြည်ထောင်စု အားကစားခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ  တက်ရောက်ကြသည်။

ဦးစွာ ဗိုလ်ချုပ် နိုင်နိုင်ဦး က သင်တန်းဆင်းအမှာစကားပြောကြားပြီး လက်နက်များ တပ်ဆင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဒုတိယတိုင်းမှူး တို့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို  လက်နက်များ အပ်နှင်းပေးပြီး သင်တန်းထူးချွန်ဆုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲဝင်များ၏ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူးနှင့်အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)