တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်အောင် လုပ်ဆောင်နေသော ညီနောင်မဟာမိတ်သုံးဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိကြောင်း ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်အောင် လုပ်ဆောင်နေသော ညီနောင်မဟာမိတ်သုံးဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိကြောင်း ထုတ်ပြန်


MNP ၊ ဖေဖော်ဝါရီ ၁၀

ညီနောင်မဟာမိတ်သုံးဖွဲ့အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များအနေဖြင့် တရုတ်နှင့် မည်သို့ပတ်သက်သည်ကို ပြောဆိုခြင်းမရှိသော်လည်း ယနေ့ ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ညီနောင်မဟာမိတ် (၃) ဖွဲအနေဖြင့်လည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် (“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ) ဟု ခေါင်းစဉ်တပ်ထုတ်ပြန်ထားပြီး "တရုတ်ရိုးရာနှစ်သစ်ကူးညကို မင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ကမ္ဘာအရပ်ရပ်ရှိ တရုတ်လူမျိုးများ၏ အလေးအမြတ်ထားရာ တရုတ်နှစ်သစ်ကူးကာလတွင် မိသားစုများစုံစုံညီညီနှင့် Family Reunion ညနေခင်းကို အတူဖြတ်သန်းနိုင်ရန် မျှော်လင့်ပါသည်။ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိပါသည်။" ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ထိတွေ့တိုက်ပွဲများနှင့် ပတ်သက်၍လည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ညီနောင်မဟာမတ်သုံးဖွဲ့အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှစတင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်စေမည့် အကြမ်းဖက်လုပ်ရပ်များကို ယနေ့တိုင် လုပ်ဆောင်လျက်ရှိသော်လည်း တရုတ်နှစ်သစ်ကူးကာလကို တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)