လက်နက်မှောင်ခိုမှုဖြင့် ဖမ်းဆီးခံရသည့် ဇင်မာအောင် ၏ သူငယ်ချင်း နိုဘယ်အေး ထွက်ပြေးရန် ကြိုးစားရင်း သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်မှောင်ခိုမှုဖြင့် ဖမ်းဆီးခံရသည့် ဇင်မာအောင် ၏ သူငယ်ချင်း နိုဘယ်အေး ထွက်ပြေးရန် ကြိုးစားရင်း သေဆုံး



MNP ၊ ဖေဖော်ဝါရီ ၁၈

ပဲခူးမြို့၊ စစ်ဆေးရေးဂိတ်တွင် နနွင်းအိတ်များအတွင်း လက်နက်များထည့်၍ သယ်ဆောင်လာရာမှ ဖမ်းဆီးခြင်းခံခဲ့ရသူ နိုဘယ်အေး မှာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နိုဘယ်အေးသည် NUG အကြမ်းဖက်အဖွဲ့မှ ပြည်ပြေး ဝရမ်းပြေး ဇင်မာအောင်နှင့် နီးစပ်သူဖြစ်ပြီး နိုဘယ်အေးဖမ်းဆီးခံရပြီးနောက် ဇင်မာအောင် က ဖြစ်ရလေသူငယ်ချင်းရယ်ဟု ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့သည်။

ပဲခူးတိုင်းဝေါမြို့နယ်ထဲမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းမေအောင် ခေါ် မနိုဗယ်အေးဟာ ဖမ်းဆီးခံရပြီးကတည်းက မိသားစုနဲ့ ဆက်အသွယ်မရ ဖြစ်နေပြီး အခုအခါမှာ သေဆုံးသွားခဲ့ပြီလို့ အတည်ပြုနိုင်ကြောင်း မောင်ဖြစ်သူ ကိုထက်မြက် က ပြည်ဖျက်မီဒီယာများကို ပြောဆိုထားသည်။

"ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်လိုက်တယ် ဆိုတဲ့ဟာက အောင်ကိုဟိန်း(ခ)လေးခွင်းက ပွဲချင်းပြီးသေတယ်လို့ ကြားပါတယ်၊ မနိုဗယ်အေးက ဘယ်အချိန်မှာ သေဆုံးတယ် ကျဆုံးတယ်ဆိုတာတော့ မသိဘူး၊ ဒါပေမယ့် သူမရှိတော့ဘူး ကျဆုံးသွားပြီ ဆိုတာကိုတော့ NUG အကြမ်းဖက်အဖွဲ့က ပြောပါတယ်။" ဟု ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)