လပွတ္တာမြို့နယ် အ . ထ. က (၂) ကျောင်းတွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ် အ . ထ. က (၂) ကျောင်းတွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

 



MNP  ၊ ဖေဖော်ဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ လပွတ္တာမြို့နယ် အ . ထ. က (၂)ကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အ.ထ.က(၂) ကျောင်း ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အ.ထ.က (၂)ကျောင်းမှ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲ ပျော်’’ သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်၍ လပွတ္တာခရိုင် ပညာရေးမှုရုံးမှ ဦစီးအရာရှိ ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လပွတ္တာခရိုင် ပညာရေးမှူး ဦးဦးသန်းမောင်နှင့် တာဝန်ရှိသူများက စာပေ ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများ ၊ ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား ၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)