ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ တိုးချဲ့ရေပေးဝေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ တိုးချဲ့ရေပေးဝေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




MNP  ၊ ဖေဖော်ဝါရီ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ(၁)တွင် နွေရာသီ၌ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် တိုးချဲ့ရေပေးဝေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် တောင်ရပ်ကွက်၊ နယ်မြေ(၁)တွင် နွေရာသီ၌ ရေပြတ်လပ်မှုများမဖြစ်ပေါ်စေရေးအတွက် ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး၊ ရေကြည် (၇)ပေါက်ရေထွက်မှ အသစ်တိုးချဲ့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရန်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန အမှု‌ဆောင်အရာရှိ ဦးဉာဏ်လင်းမောင်က လွယ်အွန့်ကျေးရွာ ရေထွက်မှ မြို့တွင်းဂါလံ (၁)သိန်းဆံ့ ရေစုကန်သို့ Gravity flow System ဖြင့် ရေရယူစုဆောင်ပြီး ယင်းဂါလံ (၁)သိန်းဆံ့ ရေစုကန်မှတစ်ဆင့် မြို့ပေါ် (၆)ရပ်ကွက်သို့ ဖြန့်ဝေပိုက်လိုင်း (၆)လိုင်းမှတစ်ဆင့် Sub Main ခွဲထုတ်၍ အိမ်သွယ်ရေတိုင် (၁၆၀၀)တိုင် မီတာစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ တစ်နေ့လျှင် ရေဂါလံပေါင်း (၁၈၀၀၀၀)ဂါလံကို နေ့စဉ်အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ နွေရာသီတွင် ရေပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိသည့် တောင်ရပ်ကွက်၊ နယ်မြေ(၁) အိမ်ခြေ (၅၀၀)ခန့်ရှိပြီး ရေလုံလောက်စွာဖြန့်ဝေပေးနိုင်ရေးအတွက် ရေကြည် (၇)ပေါက်ရေထွက်မှ အသစ်တိုးချဲ့ ရေပေးဝေရေးဆောင်ရွက်ရန်အတွက် ကုန်ကျစရိတ် ကျပ်သန်း (၁၁၀) ကုန်ကျမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)