မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွားတု(အံပုံ)များ အခမဲ့တပ်ဆင်ပေးနေမှုကို ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွားတု(အံပုံ)များ အခမဲ့တပ်ဆင်ပေးနေမှုကို ကြည့်ရှုအားပေး


MNP ၊ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အံပုံများ အခမဲ့တပ်ဆင်ပေးခြင်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တိုင်းဒေသကြီး ကုတင်(၅၀၀)ဆံ့ ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အံပုံများအခမဲ့တပ်ဆင်ပေးနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် သွားတု(အံပုံ)ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှု၍  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းသုံးဦးအား သွားတု(အံပုံ)များ ကိုယ်တိုင်တပ်ဆင်ပေးခဲ့ပြီး ဆရာဝန်ကြီးများနှင့်ဝန်ထမ်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အံပုံများအခမဲ့တပ်ဆင်ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်(သွားကျန်းမာ)နှင့်အဖွဲ့မှဦးစီး၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်း စုစုပေါင်း ၄၅ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ၁၈ ရက်နေ့အထိ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)