MNP ၊ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ (၁၆) ရက်၊ နံနက်(၁၀)နာရီက အ.ထ.က (ရွာငံ)၌ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကာကွယ်ရေး စစ်ဆေးခြင်း လုပ်ငန်းများကို ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိမှု၊ အသုံးပြုပုံ အဆင့်ဆင့်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ထားရှိမှုနှင့် မီးငြှိမ်းသတ်ရေးအတွက် ရေသိုလှောင်ထားရှိမှု တောမီးမှတစ်ဆင့် ကျောင်းဝန်းအတွင်း မီးကူးစက်လောင်ကျွမ်းမှု မရှိစေရေး သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးကာ လိုအပ်ချက်များ အကြံပြုဆောင်ရွက် စစ်ဆေးခဲ့ကြသည်။
မြို့နယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment