ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်၌ ဆင်းရွှေကြာ(၂) နေကြာမျိုးထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းမှုနှင့် ‌တတိယသီးနှံ (၇၂)ရက်သား နွေစပါးစိုက်ပျိုးရန်ထွန်ယက်မှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်၌ ဆင်းရွှေကြာ(၂) နေကြာမျိုးထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းမှုနှင့် ‌တတိယသီးနှံ (၇၂)ရက်သား နွေစပါးစိုက်ပျိုးရန်ထွန်ယက်မှုအား ကြည့်ရှုအားပေး


MNP ၊ ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နေ့လည် ၁၂နာရီခွဲအချိန်တွင် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ ကြာဖြူကျေးရွာ တောင်သူဦးဝင်းဗိုလ်၏ ကွင်းအမှတ် (၁၀၀၀/က)၊ ဦးပိုင်အမှတ် ၁၇(က/၁၂)၊ လယ်မြေ(၅.၀)ဧကတွင် ဆင်းရွှေကြာ(၂) နေကြာမျိုးထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးခဲ့ရာ အစိုပျမ်းမျှအထွက်နှုန်း(၇၂)တင်းခန့်၊ အခြောက်ပျမ်းမျှအထွက်နှုန်း(၆၅)တင်းခန့်ထွက်ရှိ‌ရာ နေကြာပွင့်အချင်း ၅ လက်မမှ ၆ လက်မတွင် နေကြာစေ့ ၇၀၀ မှ ၈၀၀ ခန့်၊ နေကြာပွင့် အချင်း ၆ လက်မမှ ၇ လက်မတွင် နေကြာစေ့ ၈၀၀ မှ ၉၀၀ ခန့်၊ (၇)လက်မနှင့်အထက်တွင် နေကြာစေ့ ၁၂၀၀ မှ ၁၃၀၀ ခန့်ထွက်ရှိကြောင်း၊ (၁)ဧကတွင် (၅)လက်မအောက်နေကြာအခွက်ရေပေါင်း ၇၀၀၀ ခန့် (၅)လက်မနှင့်(၆)လက်မကြား နေကြာခွက်ပေါင်း ၁၁၀၀၀ ခန့်၊ (၆)လက်မမှ(၇)လက်မကြား နေကြာခွက်ပေါင်း(၁၀၀၀၀)၊ (၇)လက်မအထက်(၃၀၀၀)၊ စုစုပေါင်း ၃၁၀၀၀ ခွက် ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲကုန်းကျေးရွာသို့ရောက်ရှိပြီး တောင်သူ ဦးရွှေပွား၏ ကွင်းအမှတ်(၂၀၀၃)၊ ဦးပိုင်အမှတ်(၁၇/၂)၊ လယ်မြေ(၄)ဧကတွင် တတိယသီးနှံ (၇၂)ရက်သား နွေစပါးစိုက်ပျိုးရန်ထွန်ယက်စိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ ဆက်လက်၍ ဈေးရပ်ကွက်၊ ဘုရားကြီးလမ်းရှိ သကျမဟာသီရိဘုရားကြီးအား ဖူးမြှော်ကြည်ညိုခြင်းတို့ ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆောင်းသီးနှံစိုက်ပျိုးမှုနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)