အူရီဒူးမှအဆင့်မြင့် ဒစ်ဂျစ်တယ်ပညာရေး အစီအစဉ်ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား သင်ကြားမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပံ့ပိုးကူညီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အူရီဒူးမှအဆင့်မြင့် ဒစ်ဂျစ်တယ်ပညာရေး အစီအစဉ်ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား သင်ကြားမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပံ့ပိုးကူညီ



MNP ၊ ဖေဖော်ဝါရီ ၁၈

နိုင်ငံတကာဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် အူရီဒူးသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လိုအပ်သည့် နေရာများတွင် ပညာသင်ကြားရေးစနစ် ပိုမိုထိရောက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်ဖြင့် ပံ့ပိုးမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ  ၁၆ ရက်က Melia Yangon Hotel တွင် ကျင်းပသည့် “အူရီဒူးက ပံ့ပိုးပေး ဒစ်ဂျစ်တယ်ပညာရေး” အစီအစဉ် မိတ်ဆက်ပွဲမှ သိရသည်။

"အူရီဒူးက ပံ့ပိုးပေးဒစ်ဂျစ်တယ်ပညာရေး” အစီအစဉ်သည် လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးအတွက် အဓိက မှီခိုအားထားနေရသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဒစ်ဂျစ်တယ်ပညာရေးစနစ်ကို အသုံးပြု၍ သင်ကြားပေးနိုင်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပထမခြေလှမ်းအနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ပျဉ်းမနားမြို့ အပါအဝင် တိုင်းဒေသကြီး ၆ ခုရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၁ ကျောင်းတွင် ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ် ဖော်ဆောင်ပံ့ပိုးပေးထားပြီး ဖြစ်သည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် လိုအပ်နေသည့် လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေပြီး ရှေးယခင်တည်းကပင် ဘုန်းတော်ကြီးကျောင်းများသည် မြန်မာနိုင်ငံ၏ ပညာရေးအတွက် အဓိကကျသည့် အခြေခံအုတ်မြစ်တစ်ခုအဖြစ် အချိန်ကာလကြာမြင့်စွာ ရပ်တည်လျက်ရှိရာ ကလေးငယ်များ အခမဲ့ပညာသင်ကြားရေးအတွက် ပညာရေးလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရန် ရည်ရွယ်၍ သုံးစွဲသူများ ဖုန်း ၁ မိနစ် ပြောတိုင်း အူရီဒူးက ၁ ကျပ် လှူပေးသည့်" အစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး အဓိကလိုအပ်သည့် အခြေခံကျောင်း အဆောက်အအုံပေါင်း ၄၂ ဆောင် အပါအဝင် သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများနှင့် အင်တာနက်ဆက်သွယ်ရေး စသဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၄,ဝဝဝ ခန့် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျောင်းအခြေခံအဆောက်အအုံ လှူဒါန်းမှုများအပြင် ပိုမိုထိရောက်စွာ ပညာသင်ကြားပေးနိုင်ရေးအတွက် ဒစ်ဂျစ်တယ်ပညာရေး အစီအစဉ်ဖြင့် စတင်ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)