ဘီးလင်းမြို့နယ်တွင် သက်တမ်းလွန် အသင့်စားခေါက်ဆွဲခြောက်များ စျေးကွက်အတွင်းရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် သက်တမ်းလွန် အသင့်စားခေါက်ဆွဲခြောက်များ စျေးကွက်အတွင်းရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

  




MNP   ၊  ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ် စားသုံးရေးရာ ဦးစီးဌာနမှဝန်ထမ်းများသည် ဘီးလင်းမြို့နယ် အတွင်းရှိ  မီနီမတ်နှင့် စတိုးဆိုင်များတွင် သက်တမ်းလွန် အသင့်စားခေါက်ဆွဲခြောက် များရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေးခြင်း ကို ယနေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့​ကြသည်။

        အဆိုပါ အသင့်စားခေါက်ဆွဲခြောက်များကို ကွင်းဆင်းစစ်ဆေးရာ၌  ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများက မီနီမတ်နှင့် စတိုး ဆိုင်များသို့သွားရောက်၍အသင့်စားခေါက်ဆွဲ ခြောက်မျိုးစုံတို့တွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း  ရှိ၊မရှိ နှင့် သက်တမ်းလွန်ရောင်းချနေခြင်း ရှိ၊မရှိ တို့ကို စစ်ဆေး​ပြီး  အစားအသောက် နှင့်ပတ်သက် ၍  လမ်းညွှန်မှာကြား အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထူးနောင်  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)