ရခိုင်ပြည်နယ် အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

 




MNP ၊ ဖေဖော်ဝါရီ ၂၀

   ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ပြည်ထောင်စုရာထူးဝန်အဖွဲ့ မှ ရေးသားသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန Comm unity  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 

        ဦးစွာ  အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းကပြည်ထောင်စုရာထူးဝန်အဖွဲ့ မှ ရေးသားသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်ပါအကြောင်းအရာများဖြစ်သော ရုံးစာရေးသားနည်းနှင့်ပတ်သတ်၍ ပါဝင်ဆောင်ရွက်ရမည့်အချက်များ၊ မှတ်တမ်းထိန်း သိမ်းခြင်း၊ ပစ္စည်းမှာယူထိန်း သိမ်းခြင်း နှင့် သုံးစွဲခြင်းများအား ဆွေးနွေးပြောကြားပြီး ဝန်ထမ်းများက ရုံးစာရေးသားနည်း၊ စာ ပေးစာယူ၊ ကြေးနန်းစာရေးသားနည်း၊ မှတ်စုလွှာရေးသားနည်း၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ခရီးသွားမှတ် တမ်းရေးသားခြင်း၊ လုပ်ငန်းမှတ် တမ်းရေးသားခြင်း စသည့် ခေါင်း စဉ်များတွင်ပါဝင်သော အချက် အလက်များ အကြောင်းအရာများအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။ 

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)