ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့‌ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ၊စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့‌ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ၊စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်





MNP ၊     ဖေဖော်ဝါရီ      ၂၀

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ်သူများအသင်း(Book Club)တို့ ပူးပေါင်း၍ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့‌ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ

စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ( ၁ )နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန ၌ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်တင်ဇာစိုး ကစာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  စာပေချစ်သူများအသင်း အဖွဲ့ဝင်  ဒေါ်ဝင်းဝင်းခိုင် က သိုက်မြုံမှခွာသောအခါ နှင့်ရှူမဆုံးတော့သည် ခေါင်းစဉ်ကိုလည်းကောင်း၊အဖွဲ့ဝင်  ဦးလင်း က မွေးမေမေနှင့်ကျွေးမေမေ နှင့် ထိုတစ်ည  ခေါင်းစဉ်ကိုလည်းကောင်း၊ဆရာမဒေါ်ခင်မျိုးအေး က ပန်းဥယျာဉ်အတွင်းဝယ်နှင့် နှုတ်ဆက်ခွဲခွာခေါင်းစဉ်တို့ ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြ သူများက သိလိုသည်များကို‌ပြန်လည်မေးမြန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်နံရံကပ်စာစောင်များကြည့်ရှုခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊စာဖတ်ခြင်းဖြင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)