ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ၊ အကြမ်းဖက်သောင်းကျန်းသူများက ပရဟိတ လုပ်ငန်းသုံးယာဉ်များ အသုံးပြု၍ လက်နက်/ခဲယမ်း သယ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ၊ အကြမ်းဖက်သောင်းကျန်းသူများက ပရဟိတ လုပ်ငန်းသုံးယာဉ်များ အသုံးပြု၍ လက်နက်/ခဲယမ်း သယ်ဆောင်












MNP ၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီလ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူကာ အောင်မြင်စွာဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည်တွန်းလှန် တိုက်ထုတ်ခဲ့သည်ကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယနေ့နံနက် ၆ နာရီခန့်တွင် ဇရပ်ကြီးမြို့အတွင်း အသေးစိတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ဇရပ်ကြီးဒေသဖွံ့ဖြိုးရေးအတွက် အထူးအရေးပါသည့် ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (အရှည် ၁၂၀၀ ပေ) သံကူ ကွန်ကရစ်အမျိုးအစား အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော မြို့ဆိုး တံတားအား ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် တပ်မတော် စစ်ကူစစ်ကြောင်းများ ဇရပ်ကြီးမြို့သို့ အချိန်မီ မရောက်ရှိစေရေးအတွက် တံတား လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားသုံး ပစ်ခတ်တိုက်ခိုက်၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးမှ ဇရပ်ကြီးမြို့အတွင်းရှိ နယ်မြေခံတပ်ရင်းအား အာရုဏ်ဦး ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။


 လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း ဇရပ်ကြီးမြို့ အရှေ့ဘက်အခြမ်းတွင် ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ ဇရပ်ကြီးမြို့အတွင်းနှင့် တပ်ရင်းဌာနချုပ်သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များအတွင်း ကားလမ်းဘေးနေရာတစ်ခု၌ လမ်းဘေးထိုးကျ ပျက်စီးနေသည့် အလင်းစေတမန် ပရဟိတအသင်း လူနာသယ်ယာဉ် တစ်စီးအား တွေ့ရှိခဲ့ပြီး ယာဉ်အားရှင်းလင်းခဲ့ရာ ယာဉ်ပေါ်တွင် သောင်းကျန်းသူ အလောင်းအချို့နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အချို့တို့ကို သိမ်းဆည်းရရှိခဲ့သည်။ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ် အကြောင်းပြ၍ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရသည်။


တစ်ချိန်တည်းတွင် ဇရပ်ကြီးမြို့အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေး လုပ်ငန်းများ အသေးစိတ်ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများ ခိုအောင်းခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖရိုဖရဲဖြင့် ဆုတ်ခွာ ထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ကားလမ်းဘေးအဆောက်အဦအတွင်း သောင်းကျန်းသူအလောင်းအချို့နှင့်အတူ ထပ်မံ သိမ်းဆည်းရရှိခဲ့သော်လည်း သောင်းကျန်းသူအလောင်းများမှာ ပုံဖြင့်ဖော်ပြရန် မသင့်သဖြင့် ချန်လှပ်ထားခဲ့ပါသည်။


အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်းများ၏ တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူပေးမှုတို့ကြောင့် အထိနာစွာဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် မြို့တွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေနပ်မှုမရှိသည့် ဒေသခံပြည်သူအချို့၏ ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံများကို နာကြည်းမှုဖြင့် ပေးပို့လာကြောင်း တွေ့ရှိရသည်။


KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပရဟိတလုပ်ငန်းများကို အကြောင်းပြ၍ ဟန်ပြ လူနာတင် ယာဉ်များဖြင့် လူနှင့်လက်နက်/ခဲယမ်း သယ်ဆောင်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် မိဘပြည်သူများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက်  မိမိတို့နေထိုင်သော မြို့/ရွာများအတွင်း အကြမ်းဖက်သမားများ၏ အဖျက်လုပ်ရပ်များ ဆောင်ရွက်မှုနှင့် ပတ်သက်၍ သိရှိရပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဇရပ်ကြီးမြို့အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို အသေးစိတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)