ကျောင်းကုန်းမြို့၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးကာ ဈေးနှူန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးကာ ဈေးနှူန်းသက်သာစွာဖြင့် ရောင်းချပေး







MNP ၊ ဖေဖော်ဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုးလုံလေလုံအား ကစားခန်းမ၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က ပင်စင်ထုတ်ပေးပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။

ရှေးဦးစွာ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား တိုကင်နံပါတ်ပြားပေး၍ ကယ်လ်ဆီယမ်ကွေကာ တိုက်ကျွေးခဲ့သည်။ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ငွေများထုတ်ပေးခဲ့ပြီး၊ ပင်စင်စားများအား ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခဲ့ပြီး၊ တိုင်းရင်းဆေးဌာနမှ ကွင်းဆင်းကုသပေးခဲ့သည်။ ထို့နောက် အခြေခံစားသောက်ကုန်များဖြစ်သည့် စားသုံးဆီ(၁)ပိဿာလျှင် ငွေကျပ်(၅,၆၅၀)နှူန်း၊ ကြက်ဥ(၅)လုံးကို ငွေကျပ် (၁,၀၀၀)နှူန်းနှင့် ဆန်တစ်ပြည်လျှင် ငွေကျပ် (၃,၀၀၀)နှုန်းတို့ဖြင့် ဈေးနှူန်းသက်သာစွာရောင်းချပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များကြီးကြပ်၍ တာဝန်ကျဌာန ဆိုင်ရာများမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပင်စင်စား(၃၅၀)ဦးခန့်အား ဖေးမကူညီစောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)