မုဒုံမြို့၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်



MNP ၊ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အမှာစကားပြောကြားပြီး တွဲဖတ်အတွင်းရေးမှူး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ခေတ္တပြည်နယ်ဦးစီးဌာနမှူး ဦးသိန်းထိုက်မှ MSME ချေးငွေများ ထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ချေးငွေအဆိုပြုလွှာတင်ပြရမည့် အထောက်အထားများနှင့် ပတ်သက်၍ Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်းသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်ကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်း၍ ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် နိုင်ငံတော်၏ ဦးစားပေးကဏ္ဍဖြစ်သည့် MSME ကဏ္ဍဖွံဖြိုးတိုးတက်အောင် ချေးငွေများထုတ်ချေးပေးခြင်း၊ သီးနှံစိုက်ပျိုးသည်မှ ထုတ်လုပ်ရောင်းချနိုင်အထိ Supply Chain တစ်ခုလုံးအတွက် ချေးငွေများထုတ်ချေးနိုင်ရန် စီစဥ်ဆောင်ရွက်ခြင်းသာမက လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

MSME ချေးငွေများထုတ်ချေးပေးသွားမည့် လုပ်ငန်းများမှာ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ၊ နိုင်ငံတော်၏ ပို့ကုန်ဝင်ငွေတိုးတက်စေမည့် လုပ်ငန်းများ၊ လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများအား ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်အန္တရာယ်ကျရောက်မှုမှကင်းဝေးရန် ဆောင်ရွက်မည့်လုပ်ငန်းများ၊ စွမ်းအင်ချွေတာရေးလုပ်ငန်းများ၊ ပြည်သူများ၏ အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်မည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ထုတ်လုပ်သောလုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေးမြှင့်တင်နိုင်သည့် လုပ်ငန်းများပါဝင်ကြောင်း သိရသည်။

အောင်မျိုးသူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)