ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ


MNP ၊ ဖဖေော်ဝါရီ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ စကားအပြောအဆိုစွမ်းရည် ကျွမ်းကျင်တက်မြောက်စေရန် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ အ.ထ.က (၂)ကျောင်းမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ အပတ်စဥ် လစဥ် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများနှင့် သင်တန်းများဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)