နေကြောင်း ကောလာဟလသတင်းအမှားများနှင့် မသမာသူတချို့၏ လုပ်ရပ်များကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေကြောင်း ကောလာဟလသတင်းအမှားများနှင့် မသမာသူတချို့၏ လုပ်ရပ်များကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရ

 ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် နေ့စဉ် လူသောင်းချီ၍ နိုင်ငံကူး လက်မှတ်ပြုလုပ်ရန် တိုးဝှေ့


MNP ၊ ဖေဖော်ဝါရီလ ၁၉

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာ ပြီးသည့်နောက် မန္တလေးတိုင်းဒေသကြီးတွင် လူငယ်များနှင့် ပြည်သူများမှာ ပြည်ပ နိုင်ငံများသို့ ထွက်ခွာရန်ကြိုးစားသည့်အနေဖြင့်  နိုင်ငံကူးလက်မှတ်များ တိုးဝှေ့၍ ပြုလုပ်နေကြကြောင်းနှင့် ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံကူး လက်မှတ်ထုတ်ပေးသည့်ရုံးတွင် လူသောင်းချီတိုးဝှေ့ကြရာမှ အမျိုးသမီး ၂ ဦး အသက်ရှု ကြပ်၍သေဆုံးခဲ့ကြောင်း ပြည်သူများနှင့် လူငယ်များအား အထင်အမြင် လွဲမှားဖွယ် သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit  က ဝါဒဖြန့် လှုံ့ဆော် ရေးသားနေသည်ကိုတွေ့ရှိရသည်။

ထို့သို့ တရားမဝင်ပြည်ဖျက်မီဒီယာအချို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီး နောက်တွင် ကောလာဟလသတင်းအမှားများဖြင့် လူငယ်လူရွယ်များအား အကြမ်းဖက် အဖွဲ့အစည်းများသို့ ဝင်ရောက်လာရန် စည်းရုံးသိမ်းသွင်းခြင်း၊ စစ်မှုထမ်းရမည်စိုး၍ ပြည်ပထွက်ခွာ အလုပ်လုပ်သည့် လူငယ်လူရွယ်များ ယခင်က ထက်ပိုမိုများပြား လာနေကြောင်း လူငယ်လူရွယ်များကို ထင်ယောင်ထင်မှားဖြစ်လာပြီး လမ်းမှားရောက် စေမည့် ဝါဒဖြန့်လှုံဆော်ရေးသားမှုများကို နေ့စဉ်နှင့်အမျှ ရေးသားဖြန့်ဝေလျက်ရှိရာ ယခုဖြစ်စဉ်သည်လည်း မသမာသူလူတချို့၏ လူအများ ရုန်ရင်းဆန်ခတ်ဖြစ်စေရန် ပြောဆိုမှုများကြောင့် ပြည်သူအချို့ထိခိုက်သေဆုံးခဲ့ရကြောင်း နိုင်ငံကူး လက်မှတ်ပြု လုပ်သူ ပြည်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် လူငယ်လူရွယ်များနှင့် ပြည်သူ များကို အထင်အမြင်လွဲမှားလာစေပြီး နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား လာစေရန် သတင်းတု၊ သတင်းမှားများကို ရေးသား၍ လှုံဆော်ဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)