MNP ၊ ဖေဖော်ဝါရီ ၂၇
၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီနှင့် ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂ဝ၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးကို ၁၉၂၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကြက်ခြေနီတပ်ဖွဲ့ဝင်အင်အား သုံးသောင်းကျော်၊ စေတနာလုပ်အား ရှင်အင်အားလေးသောင်းကျော်၊ ကြက်ခြေနီဝန်ထမ်းအင်အား ခြောက်ရာကျော်အင်အားဖြင့် နိုင်ငံတစ်ဝှမ်းတွင် အရည်အချင်း ပြည့်ဝသော လူမှုကရုဏာအသင်းကြီး ဖြစ်လာစေရန် ရည်ရွယ်၍ လူမှုကရုဏာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေးဦးပြုစုခြင်း ပညာရပ်၏ ရည်ရွယ်ချက်အနေဖြင့် အသက်မဆုံးရှုံးစေရန်၊ ထိခိုက်ဒဏ်ရာနှင့် ရောဂါပိုမို မဆိုးဝါးစေရန်၊ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန်၊ ဆေးရုံးဆေးခန်း ဆေးအကူအညီ အမြန်ဆုံး ရယူနိုင်စေရန် ရည်ရွယ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူ တက္ကသိုလ်ကြက်ခြေနီမောင်မယ်များအနေဖြင့် သင်တန်းမှ ပို့ချပေးလိုက်သော ကြက်ခြေနီ ရှေးဦးပြုစုခြင်း ဘာသာရပ်များကို စာတွေ့ရော လက်တွေ့ပါမကျန် ကောင်းစွာ လေ့လာသင်ယူမှတ်သားပြီး ခေတ်စနစ်၏ ရေစီးကြောင်းနှင့်အတူ တိုးတက်ပြောင်းလဲလျက်ရှိသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ နည်းပညာများ၊ ဗဟုသုတများ၊ ကျွမ်းကျင်မှုများကို “ရှေးဦးပြုစုခြင်းအတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်သက်တာ စဉ်ဆက်မပြတ် လေ့လာဆည်းပူးသင်ယူကြရမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ဆောင်ပုဒ်(၂)ခုဖြစ်သော “နှလုံးသားဖြင့်ကူညီတို့ကြက်ခြေနီ” (Everything we do comes from the heart) “ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်း အပေါ်ကူညီသွား” (Be Human Kinds) ဆောင်ပုဒ်နှင့်အညီ သင်တန်းအောင်မြင် ပြီးမြောက်ပြီးဖြစ်၍ ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်မောင်မယ်များအဖြစ် လူမှုအသိုင်းအဝိုင်းအတွင်း လူသားချင်းစာနာ ထောက်ထားမှုကို အခြေခံသည့်ရှေး ဦးပြုစုခြင်း (First Aid) အလေ့အကျင့်ကောင်းများဖြင့် ထားဝယ်တက္ကသိုလ် အကျိုးပြု၊ ပြည်သူ့အကျိုးပြု၊ နိုင်ငံအကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုမိုပြီး စံနမူနာပြ စွမ်းစွမ်းတမံ တက်ကြွစွာဆောင် ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားပြီး ကြက်ခြေနီအသင်းခွဲထံသို့ ထောက်ပံ့ငွေကျပ်(၅)သိန်းအား ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်လွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ကာ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ပြီး ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၊ သမိုင်းဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာ နှင်းမာခင်က ကျေးဇူးတင်စကား ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်
https://t.me/MyanmarNationalPost
No comments:
Post a Comment