MNP ၊ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ ၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် Grade -9 အတွက် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ (၂၈) ရက် နံနက် ( ၁၁ ) နာရီတွင် နောက်ဆုံးဘာသာ
ဖြစ်သည့် အထွေထွေသိပ္ပံဘာသာရပ် အောင်မြင်စွာ ဖြေဆိုပြီးမြောက်ခဲ့ကြသည်။
ထိုသို့ဖြေဆိုရာတွင် စာရင်းရှိကျောင်းသား၊ကျောင်းသူ
အလယ်တန်းအဆင့် Grade -9 ဖြေဆိုရန်စာစစ်ဌာန( ၃၀ )ခု သတ်မှတ်ထားပြီးဖြေဆိုရန်စာရင်းရှိ ( ၁၆၁၀ ) ဦးမှ ဝင်ရောက်ဖြေဆိုသူ ( ၁၅၈၄ )ဦးနှင့် ပျက်ကွက်သူ( ၂၆ )ဦးရှိကြောင်းနှင့် ၎င်းဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက အနီးကပ်စောင့်ကြပ်ကြည့်ရှူနေကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment