၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်





MNP ၊ ဖေဖော်ဝါရီ ၂

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC–1) ၌ ယခင်နှစ်များနှင့်မတူ ခမ်းနားထည်ဝါစွာ ကျင်းပသွားနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါအခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁)ကျောက်စိမ်းခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Forever Group တို့ ပူးပေါင်း၍ အကယ်ဒမီဆုပေးပွဲစင်မြင့်အား Curve LED များအသုံးပြု၍လည်း ကောင်း၊ အကယ်ဒမီရွှေစင်ရုပ်တုများကို ခမ်းနားထည်ဝါစွာ ဖော်ကျူး၍လည်းကောင်း၊ နိုင်ငံတကာအဆင့်မီ မီးအလင်းအမှောင်စနစ်များ၊ အသံစနစ်များဖြင့်လည်းကောင်း၊ ခမ်းနားထည်ဝါစွာပြင်ဆင်ဆောင်ရွက်ထားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံးမှ စီစဉ်ဆောင်ရွက်သည့် The Drive Band နှင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ နိုင်ငံကျော် အနုပညာရှင်များ၊ အကယ်ဒမီရွှေကြိုများ၏ ကဏ္ဍအလိုက် တင်ဆက်မည့် အစီအစဉ်များကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် အကယ်ဒမီဆုပေးပွဲသို့ တက်ရောက်လာကြမည့် နိုင်ငံကျော်အနုပညာရှင်များအား ကြိုဆို၍ မီဒီယာအသီးသီးမှ အင်တာဗျူးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ အလှဓာတ်ပုံရိုက်ကူး ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂုဏ်ပြုခံလျှောက်လမ်း(Red Carpet) နှင့် Photo Booth နေရာများ၊ ရုပ်မြင်သံကြားလိုင်းများ၏ အင်တာဗျူး Booth များကိုလည်း အစီအစဉ်တကျ ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။


အခမ်းအနားတွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်မှုအပြင် အကောင်းဆုံးဝတ်စားဆင်ယင်မှု (Fashion Award) များကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များ အခမ်းအနားတက်ရောက်လာမှုများကို နိုင်ငံတကာဆုပေးပွဲများနည်းတူ Rail Camera နှင့် Crane Camera များအပါအဝင် ကင်မရာ ၁၁ လုံးကို အသုံးပြု၍ အကယ်ဒမီရင်ခုန်သံအင်တာဗျူးများနှင့် အကောင်းဆုံးဝတ်စားဆင်ယင်မှု (Fa-shion Award) ဆုအတွက် ပြင်ဆင်လာမှုများကို ရိုက်ကူးပြသသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) တစ်လျှောက်တွင် ရုပ်ရှင်တစ်သက် တာဆုရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၁၉၅၂-၂၀၂၂ အထိ ရုပ်ရှင်ဇာတ်ကားဆု များ၏ မှတ်တမ်းဓာတ်ပုံများ၊ ၁၉၅၂ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ နှစ်အလိုက် ရုပ်ရှင် ထူးချွန်ဆုရ ဇာတ်ကားနှင့် ထူးချွန်ဆုရ အနုပညာရှင် အတတ်ပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများ၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အများဆုံးရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများစာရင်းစသည့်တို့ဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး အနုပညာရှင်များ၏ ပွဲတက်လာမှု များကို မီးအလင်းအမှောင်များပေး၍ ရိုက်ကူးပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိသည်။


အခမ်းအနားကျင်းပသည့် ကျောက်စိမ်းခန်းမအတွင်းတွင် Curve LED ၏ ခမ်းနား ထည်ဝါမှုနှင့်အတူ အကယ်ဒမီဆုရ အကောင်းဆုံးပြကွက်များကို ပြည့်ဝစွာ ခံစားနားဆင်နိုင်ရန်အတွက် ပြင်ဆင် ဆောင်ရွက်ထားရှိပြီး ယင်းသို့တင်ဆက်ပြသမှုများကို နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကြည့်ရှုခံစားနိုင်စေရန်အတွက် AR Camera၊ Crane Camera နှင့် PTZ Camera များအပါအဝင် ကင်မရာ ၁၁ လုံး အသုံးပြု၍ ရိုက်ကူးထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။


ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၂ ကား ရွေးချယ်ထားရှိ ပြီး အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု အပါအဝင် အနုပညာထူးချွန်ဆုနှင့် အတတ် ပညာထူးချွန်ဆု ၁၁ ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)