MNP ၊ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လည် အချိန်က စာပေချစ်မြတ် နိုးသူလူငယ်များအားရှင်လင်းပြသခဲ့ သည်။
နံရံကပ်စာစောင် အသိပညာပေးပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအ ရာရှိ ဦးစန်းဝင်း က ကျောင်းသားကျောင်းသူ လူငယ်များအားကာယ၊ ဉာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂ စသောဗလငါးတန်ဖွံ့ဖြိုးလာ စေရန်နှင့်
လူငယ်များအကြောင်းအမျိုးမျိုးကြောင့် ကလေးအလုပ်သမား အဖြစ်ခိုင်းစေ
ခံရပါက သိရှိထားနိုင်ရန်ရည်ရွယ်၍ ပြန် ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအ တွက်အသိပညာပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေး သူငယ်များ လုပ်ငန်းခွင် များ၌ မြင်တွေ့လာခဲ့ကြ၍ ခုလို ကလေးအလုပ်သမားပပျောက်စေရေးအတွက် ကလေးအလုပ် သမား အသိပညာပေးအစီအစဥ်များကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကလေးအလုပ် သမားနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ ၏ အသက်အရွယ်ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအ လုပ်သမားပပျောက်ရေးရည် မှန်းချက်၊ အလုပ်ရှင်များ အတွက်က လေးသူငယ်အခွင့်အရေးဆိုင် ရာမူများ၊ ကလေးသူငယ်ဥပဒေတို့ကို လူငယ်တိုင်းသိရှိထားသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စာပေမြတ်နိုးသူလူငယ်များက ကလေးအလုပ် သမားပပျောက်ရေး အသိပညာ ပေး နံရံကပ်စာစောင်အား စိတ်ပါ၀င်စားစွာလေ့လာ ကြည့်ရှု
၍သိရှိလိုသည်များအားရှင်လင်း ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment