MNP ၊ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Commmunity Centre) ခန်းမ၌ ဦးစီးအရာရှိ ဦးစန်းဝင်း ဦးဆောင်၍ မြို့နယ်ရုံးဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် အခြေခံငွေစာရင်းရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းကစတင်၍ ဖွင့်လှစ်ပို့ချလျှက်ရှိသည်။
အဆိုပါသင်တန်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက ဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စု စာအုပ်ပါ ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်ဖြင့် ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် သတ် မှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တောင်း ခံ/ သုံးစွဲဆောင်ရွက်နိုင်ရန်အ တွက် ငွေစာရင်းဆိုင်ရာ ရငွေ၊ ပေးငွေကိစ္စရပ်များ၊ အသုံးစရိတ်များ ကျခံသုံးစွဲခြင်း နှင့် စပ်လျဉ်းသည့် စည်းကမ်း ချက်များ၊ ငွေစာရင်းထိန်းသိမ်းရန် ဌစပုံစံ- ၁၆ မျိုးအား အသေးစိတ်သင်ပြ ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ သာမန်အသုံးစရိတ်များအတွက် ခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် အသုံးပြုရန် ဘတ်ဂျတ်ခေါင်းစဉ်များကို ဆွေးနွေးပို့ချလျက်ရှိသည်။
ငွေစာရင်းထိန်းသိမ်းနည်းဘာ သာရပ်မှ ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် သတ် မှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တောင်းခံ/ သုံးစွဲဆောင်ရွက်နိုင်ရန်အတွက် ငွေစာ ရင်းဆိုင်ရာ ရငွေ၊ ပေးငွေကိစ္စရပ်များ၊ ငွေစာရင်းထိန်းသိမ်းရန် ဌစ-ပုံစံများ ဆွေးနွေးသင်ကြားမှုအပေါ် ဒေါ်ခင်မျိုးတင် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက သိရှိလိုသည့်အချက်များအားဆွေး နွေးကြရာ ဆွေးနွေးအချက် အ ကြောင်းအရာတို့အား ဦးစီးအရာ ရှိ ဦးစန်းဝင်းက ပြန်လည်ဖြည့် စွက်ဆွေးနွေးပြောကြားခဲ့ပြီးသင်တန်းအား ယနေ့ရင်းထိန်းသိမ်းနည်းလုပ်ငန်းကျွမ်းမှစတင်၍ဖေဖော်ဝါရီ ၂၄ ရက်နေ့ထိ ငွေစာ ကျင်မှုရှိစေရန် ဆွေးနွေးပို့ချသင် ပြသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment