တောင်ကုတ်မြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေး

 



MNP ၊ ဖေဖေါ်ဝါရီ ၂၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 စာမေးပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် စာစစ်ဌာနများ အလိုက်ကျင်းပလျက်ရှိရာ အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်တွင် Grade-5 အတန်း၌ ဖြေဆိုရန်စာရင်းရှိ ၂၈၆၄ ဦးရှိသည့်အနက် ၂၆၄၆ ဦးက ဝင်ရောက်ဖြေဆိုခဲ့ပြီး ၊ Grade-9  အတန်း၌ ဖြေဆိုရန်စာရင်းရှိ ၁၈၇၉ ဦးရှိသည့်အနက်ဖြေဆိုသူစုစုပေါင်း ၁၇၅၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကျောင်းသား ၊ ကျောင်းသူများ၏ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ က စာစစ်ဌာနများသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)