တောင်ကုတ်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိ




MNP  ၊    ဖေဖော်ဝါရီ    ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄  ပညာသင် နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ကာ သက်ဆိုင်ရာ စာစစ်ဌာနများ တွင် စတင်ဖြေဆိုလျက်ရှိသည်။

           ထိုသို့စစ်ဆေးလျက်ရှိရာ Grade-5 တွင် စာစစ်ဌာန(၅၃)ခုနှင့် Grade-9 တွင် စာစစ်ဌာန ၅၅ ခုဖွင့်လှစ်၍   သက်ဆိုင်ရာကျောင်း များတွင် အသီးသီးစစ်ဆေးလျက်ရှိရာ  ယမန်နေ့တွင် မြန်မာစာ ဘာသာရပ်အား Grdae-5 တွင် စာရင်းရှိ ၂၈၆၄ ဦးရှိသည့်အနက် ၂၆၄၄ ဦး​ တို့ မှလည်းကောင်း၊ Grade-9 တွင် စာရင်းရှိ ၁၈၇၉ ဦးရှိသည့်အနက် ၁၇၅၇ ဦးတို့မှ လည်းကောင်း အေးချမ်းစွာဖြေဆိုလျက်ရှိ​သည်။

            ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး ၊ ခရိုင် ၊မြို့နယ်ပညာ ရေးမှူးရုံးမှ တာ၀န်ရှိသူများ ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများနှင့်ဆရာ ၊ ဆရာမများက ကြီးကြပ်လျက်ရှိကြောင်းသိရသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)