ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းနှင့် ယမန်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ကြုံတွေ့ကြရသည့် အခက်အခဲနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် တာဝန်ကျေပွန်မှု၊ စွမ်းဆောင်ရည်ထက်မြက်မှု၊ လေ့လာသင်ယူမှု၊ ကြိုးစားအားထုတ်မှုနှင့် ဆက်ဆံရေးကောင်းမွန်မှုရှိရန် လိုအပ်ကြောင်း၊ မှန်ကန်မျှတသည့် အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုကောင်းမွန်ခြင်း၊ စည်းလုံးညီညွတ်မှု ရှိခြင်းတို့ဖြင့် ပျော်ရွှင်အောင်မြင်သည့် လုပ်ငန်းခွင်ကို ဖန်တီး တည်ဆောက်နိုင်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများက လိုအပ်ချက်များနှင့် အကြံပြုချက်များကိုတင်ပြကြရာ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။       


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)