တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ (၁၆ ၃၀) အချိန် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးဒေါင့်ကန်လမ်းတွင် ငြိမ်းချမ်း မောင်းနှင်ပြီး ဇော်လှိုင်ဦး(ခ)အာကာ နှင့် နေဇော်ဦး တို့လိုက်ပါလာသည့် MITSUBISHI အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၈၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ (၁၇ ၂၀) အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချသူ ကျော်နိုင် အား ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမီးပွိုင့်အနီးတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ (၁၈ ၃၀) အချိန် ကျော်နိုင် နေထိုင်သည့် တာမွေမြို့နယ်၊ မန်အောင်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၇၅ သိန်း)နှင့် လည်းကောင်း၊ ၁၉၁၀ အချိန် ကျော်မြင့်ဦး အား ဗဟန်းမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

ငြိမ်းချမ်း(၃၈)နှစ်၊ ဇော်လှိုင်ဦး(ခ)အာကာ(၃၅)နှစ်၊ နေဇော်ဦး(၃၆)နှစ်၊ ကျော်နိုင်(၃၇)နှစ် နှင့် ကျော်မြင့်ဦး(၄၆)နှစ်တို့အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)