MNP ၊ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပြည်သူ များ ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းလှည့်လည်၍ မီးဘေးလုံခြုံရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကို နှင့် မီးသတ် တပ်ဖွဲ့ဝင်များ က ယမန်နေ့ (၆)နာရီအချိန်မှစတင်၍ မီးဘေး လုံခြုံရေးအသိပညာပေး နှိးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီး၌ လိုက်လံနှိုးဆော်ပေးလျက်ရှိသည်။
အဆိုပါလိုက်လံနှိုးဆော်ခြင်းကို တစ်ပတ်လျှင်( ၄ )ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment