(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံတက္ကသိုလ် နှစ်လမ်းသွားကံ့ကော်လမ်းသစ်နှင့် သုံးထပ်စာသင်ဆောင်သစ်(အင်ကြင်းဆောင်) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံတက္ကသိုလ် နှစ်လမ်းသွားကံ့ကော်လမ်းသစ်နှင့် သုံးထပ်စာသင်ဆောင်သစ်(အင်ကြင်းဆောင်) ဖွင့်လှစ်

 


MNP  ၊ ဖေဖော်ဝါရီ ၅

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံတက္ကသိုလ် နှစ်လမ်းသွားကံ့ကော်လမ်းသစ်နှင့် သုံးထပ်စာသင်ဆောင်သစ်(အင်ကြင်းဆောင်)ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ တက္ကသိုလ်ပရိဝုဏ်အတွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး တက္ကသိုလ်ပရိဝုဏ်များ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ဆောင်များ၊ ခေတ်မီစာသင်ခန်းများ ပြည့်စုံရေးတို့ကို အလေးထားပံ့ပိုးဆောင်ရွက်ပေးနေကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် နှစ်လမ်းသွားကံ့ကော်လမ်းသစ်၊ သုံးထပ်စာသင်ဆောင်သစ်နှင့်  အမိတက္ကသိုလ်ကြီး၏ ခမ်းနားမှုအတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြပြီး ကျောင်းနေပျော်၍ ပညာတော်သော ထူးချွန်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက နှစ်လမ်းသွားကံ့ကော်လမ်းသစ်နှင့် သုံးထပ်စာသင်ဆောင်သစ်(အင်ကြင်းဆောင်)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နှစ်လမ်းသွားကံ့ကော်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံတက္ကသိုလ်သုံးထပ်စာသင်ဆောင်သစ်(အင်ကြင်းဆောင်)ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ သုံးထပ်စာသင်ဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် နှစ်လမ်းသွားကံကော်လမ်းသစ်သည် ဗိုလ်ချုပ်လမ်းတက္ကသိုလ်မုခ်ဦးနှင့် ချိတ်ဆက်လျက်ရှိပြီး ယခင်က ၁၀ ပေအကျယ်သာရှိသော ကွန်ကရစ်လမ်းအား ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများ အဆင်ပြေပြေအန္တရာယ်ကင်းကင်းနှင့် သွားလာနိုင်ရန်အတွက် တစ်ဖက်လျှင် ၁၂ ပေအကျယ်၊ အရှည် ၅၈၀ ပေရှိ နှစ်လမ်းသွားကွန်ကရစ်လမ်းသစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၁၇၃ ဒဿမ ၀၆၉) ကျပ်သန်းဖြင့် Equal Co. Ltd ကလည်းကောင်း၊ စာသင်ခန်း(၁၅)ခန်းနှင့် ရုံးခန်းအဖြစ်အသုံးပြုနိုင်သော မှန်ခန်းကျယ် (၂)ခန်းပါဝင်သော ၂၁၆ ပေ၊ ၃၈ ပေ၊ ၃၆ ပေ ရှိ သံကူကွန်ကရစ်အမျိုးအစား သုံးထပ်စာသင်ဆောင်ကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၆၅၂)သန်းဖြင့် နန်းထိုက်ဝင်းကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင်ရွက်ပြီးစီးသည့်အတွက် ယနေ့ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)