မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP  ၊ ဖေဖဝါရီ ၁

မန္တလေးတိုင်းဒေသကြီးအတွက် နိုင်ငံတော်မှခွဲဝေပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ခွဲဝေထုတ်ပေးထားသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံကို မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပြီးခဲ့သည့်နှစ်မတ်လအတွင်းကရရှိပြီး ဇွန်လမှစက်တင်ဘာလအတွင်း  မြို့နယ်အသီးသီးသို့ ကဏ္ဍအလိုက်ထုတ်ပေးခဲ့ပါကြောင်း၊ မြို့နယ်အားလုံးအား (၆)လ (၈)လ (၁၂)လ ကာလ(၃)မျိုးဖြင့် ထုတ်ပေးခဲ့ပါကြောင်း၊ လက်ရှိပြန်လည်ကောက်ခံရရှိထားသောငွေများအား လိုအပ်သည့်ကဏ္ဍများတွင် ဆက်လက်ထုတ်ပေးခြင်းများကို စီမံခန့်ခွဲနိုင်ရေးအတွက်ပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏မူဝါဒများအတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍများ ဖွံဖြိုးတိုးတက်ရေးအတွက် မိမိတာဝန်ယူသောကဏ္ဍများအလိုက် စီမံကိန်းလုပ်ငန်းများကို မြေပြင်တွင်အမှန်တကယ် တိုးတက်အောင်မြင်အောင် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အမှန်တကယ် လိုအပ်သူများ၏ လက်ဝယ်သို့ရောက်ရှိပြီး အကျိုးရှိစွာ သုံးစွဲလည်ပတ်နိုင်ရန် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန်စွာထုတ်ပေးရေးနှင့် မပျက်မကွက်ပြန်လည်ပေးသွင်းရေးတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ခေတ်နှင့်အညီ စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုလာရေး ဆက်နွယ်ဌာနများ အချင်းချင်းချိတ်ဆက်ကာ တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်/အားသာချက်များအပေါ် အစဉ်အမြဲသုံးသပ်ကာ ပိုမိုတိုးတက်ကောင်းမွန်အောင် နှစ်ဦးနှစ်ဖက် အကျိုးရှိစွာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက (၈)ဘီလီယံထုတ်ပေးခဲ့ပြီး ပြန်လည်ကောက်ခံရရှိမှုနှင့် ဆက်လက်ထုတ်ပေးသွားမည့်အပေါ် သုံးသပ်ဆွေးနွေးအကြံပြုကြပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်နေသည့်ကဏ္ဍများအလိုက် ငွေများထုတ်ပေးခဲ့မှု၊ ပြန်လည်ကောက်ခံရရှိမှုနှင့် ဆက်လက်ထုတ်ပေးမည့် အခြေအနေများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် သုံးသပ်ဆွေးနွေးအကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)