ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာသင်ဝိုင်းသင်ကြားနေမှုအား ကြည့်ရှုထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာသင်ဝိုင်းသင်ကြားနေမှုအား ကြည့်ရှုထောက်ပံ့ပစ္စည်းများပေးအပ်







MNP ၊ ဖေဖဝါရီ  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာသင်ဝိုင်း သင်ကြားနေမှုအားကြည့်ရှုအားပေးခြင်းကို ယမန်နေ့ ညနေ (၅) နာရီ အချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ထီကတူးကျေးရွာ၊ ထီဗွာကျေးရွာ၊ စခွီကျေးရွာ ရန်ကင်းကျေးရွာနှင့် ဝါးဆို့ကျေးရွာတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ်မြောက်ရေးနှင့် တာဝန်သိနိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ပူပေါင်းပါဝင်မှုဖြင့် ဒေသအလိုက် စာတတ်မြောက်မှုနှုန်းတိုးတက်ရေးနှင့် လူမှုဘဝမြင့်မားစေရေး၊ သင်ယူသူများသည် အခြေခံစာတတ်မြောက်မှုစွမ်းရည်သာမက နိုင်ငံသားကောင်းအခြေခံ အလေ့အကျင့်များ ပိုမိုရရှိလာနိုင်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပညာရယူရန် ကိရိယာတစ်ခုဖြစ်သော အရေးအဖတ်တို့အတွက် အခြေပြုသင်ကြားပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လူမှုဘဝမြင့်မားစေရေးအတွက် အသိပညာပေးခြင်းတို့ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ ဒေသအတွင်းမှ အခြေခံ ပညာအထက်တန်းအဆင့်နှင့် အထက်ရှိဒေသခံစေတနာလုပ်အားပေးများ၊ ရပ်ရွာရှိ လူမှုရေးအသင်းအဖွဲ့များနှင့် အခြေခံပညာမှ ဆရာ/ဆရာမများ၏ လုပ်အားဖြင့် ဒေသအတွင်း အခြေခံစာတတ်မြောက်မှုနှုန်းကို တိုးတက်လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာရေးစသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီးဆရာ၊ ဆရာမများက စာသင်သားတို့ကို စနစ်တကျသင်ကြားပေးနေမှုအား ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး ဦးမြင့်ဝေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီးနောက် Solar မီး၊ LED မီးလုံးများနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာသင်ဝိုင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့အထိ ပေါင်လင်းကျေးရွာအုပ်စုမှ ဒုံမေးခိုးကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ လွယ်အွန့်ကျေးရွာအုပ်စုမှ   ထီကတူးကျေးရွာ၊ ထီဗွာကျေးရွာ၊ စခွီကျေးရွာ၊ ရန်ကင်းကျေးရွာနှင့် ဝါးဆို့ကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)