ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံဆောင်းနေကြာဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံဆောင်းနေကြာဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး




MNP  ၊ ဖေဖဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစောထွန်းဝင်းသည် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကိုကိုနိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်လိုက်ပါလျက်၊ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံဆောင်းနေကြာစိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် ဥပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်နေသည့် ကျောက်ပန်းတောင်းမြို့နယ် စီရင်စုကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်အား ဖူးမျှော်၍ လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် ဈေးကုန်းကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာအနီးရှိ တောင်သူဦးမြင့်သိန်း၏ ဆောင်းနေကြာ (၁)ဧက စိုက်ကွက်သို့ရောက်ရှိကြရာ၊ မြို့နယ်အတွင်း ဒေသတွင်း စားသုံးဆီဖူလုံမှု အထောက်အကူပြုရေးအတွက် ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် အောင်မြင်ဖြစ်ထွန်းနေမှုများကို ခရိုင်ဦးစီးမှူးဦးကိုကိုနိုင်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်တို့က ရှင်လင်းပြသကြသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းတွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ဧက (၆၅၁၇)ဧက စိုက်ပျိုးထားရှိရာ၊ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ အခြားစိုက်ပျိုးကြသည့် ကျောက်တံခါး၊ လယ်ကြီး၊ တောင်ပေါ်တောင်၊ တောင်ပေါ်မြောက် အစရှိသည့် ကျေးရွာများတွင် ရိတ်သိမ်းပြီးစီးကြပြီဖြစ်ကြောင်းနှင့် အခြားသီးနှံများအနေဖြင့် ဆောင်းကုလားပဲ (၅၅၄၆)ဧက၊ ထောပတ်ပဲ (၁၃၆၀)ဧက၊ ဆောင်းမြေပဲ (၁၈၄)ဧကနှင့် ဆောင်းကြက်သွန် (၆၈၂)ဧက စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ပြောပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)