စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများ မီးသတ်ဆေးဗူးအသုံးပြုတတ်စေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများ မီးသတ်ဆေးဗူးအသုံးပြုတတ်စေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်





MNP ၊ဖေဖဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ မီးဘေအန္တရာယ် တားဆီးကာကွယ်ရေးနှင့် အသိပညာပေးစစ်ဆေးခြင်းလုပ်ငန်းများကို၊ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ ၃ နာရီက ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကားလမ်းဘေးရှိ Max စက်သုံးဆီအရောင်းဆိုင်တွင် ဝန်ထမ်းများ မီးသတ်ဆေးဗူးအသုံးပြုတတ်စေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်တောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်နိုင်လင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များသည်၊ Max စက်သုံးဆီအရောင်းဆိုင်မှ ဝန်ထမ်း(၁၂)ဦးတို့အား အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြုနည်းနှင့် မီးဘေးကြိုတင်တားဆီးကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက်စေခြင်း အစရှိသည့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)