နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ တည်းခိုနေထိုင်သည့် အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ တည်းခိုနေထိုင်သည့် အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး



MNP ၊ ဖေဖော်ဝါရီ  ၆

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကော်မတီအဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့

နံနက်ပိုင်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ တည်းခိုနေထိုင်သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်၍ ဆေးပေးခန်းများ၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီရုံးခန်းများ၊ တည်းခိုဆောင်များဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ခြင်အန္တရာယ်ကင်ရှင်းစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများပြည့်စုံစေရေး၊ သန့်ရှင်းသာယာရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)