ပေါင်မြို့နယ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် များ ပြည်နယ်အဆင့်၊ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပညာရေးမှူးများ၊ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တွေ့ဆုံပွဲတွင်ဆွေးနွေးခဲ့မှုများအား ထပ်ဆင့်ဆွေးနွေးခြင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် များ ပြည်နယ်အဆင့်၊ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပညာရေးမှူးများ၊ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တွေ့ဆုံပွဲတွင်ဆွေးနွေးခဲ့မှုများအား ထပ်ဆင့်ဆွေးနွေးခြင်းပြုလုပ်





MNP  ၊   ဖေဖော်ဝါရီ     ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် များ ပြည်နယ်အဆင့်၊ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပညာရေးမှူးများ၊ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တွေ့ဆုံပွဲတွင်ဆွေးနွေးခဲ့မှုများအား ထပ်ဆင့်ဆွေးနွေးခြင်းကိုယမန်နေ့မွန်းလွဲ (၂)နာရီက ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်က  မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၏ လမ်းညွှန်ချက်များကိုလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စာစစ်ဌာနတွေကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ကျောင်းအုပ်ဆရာမကြီးတို့က လိုအပ်သည့်အခက်အခဲများကို အတူတကွပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပါရန်လိုအပ်ပါကြောင်း၊တစ်ခြားလိုအပ်သည့်အခက်အခဲများကို မိမိအနေဖြင့်ပေါင်းစပ်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦး နှင့်ပေါင်မြို့မစခန်း ဒုတိယမြို့နယ်မှူးဒုရဲမှူးအောင်လွင် တို့က

 မြို့နယ်အတွင်းရှိ အခက်အခဲရှိသည့် ကျောင်းများကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ အထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများက မိမိတို့သိလိုသည်များကို မေးမြန်းခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင် တို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)