ဆွေဝင်း၊ သာလွန်ဇောင်းထက် တို့လို အမျိုးယုတ်တွေ မဖြစ်စေနဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွေဝင်း၊ သာလွန်ဇောင်းထက် တို့လို အမျိုးယုတ်တွေ မဖြစ်စေနဲ့



ယနေ့ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းအပေါ်မှာ အများပြည်သူ သိသာထင်ရှားစွာ သိမြင်စေမယ့် သာဓကများကို ပမာထားပြီး မိမိတို့ရဲ့ သားသမီးများကို အမျိုးယုတ်များ မဖြစ်အောင် ပြုစုပျိုးထောင်ကြဖို့ အသိပေးလိုခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ လူငယ် လူငယ်တွေကို အကြမ်းဖက်သမားများဖြစ်အောင် သွေးထိုးလှုံ့ဆော်ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားကြသူတွေ များစွာရှိတယ်။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ အောင်ကြည်ညွန့်၊ ဇင်မာအောင်၊ ကျော်မိုးထွန်း အစရှိသော နိုင်ငံရေးလုပ်စားသူ အမျိုးယုတ်များလည်း ရှိပါတယ်။

ကျွန်တော် အခုတင်ပြမှာတော့ သတင်းသမားအမည်ခံ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေကြသူများထဲက ၂ဦးကို အဓိကထားပြီး တင်ပြပေးသွားပါမယ်။ ယနေ့ မီဒီယာနယ်ပယ်မှာ ရေးသားပြောဆို ဆောင်ရွက်နေသူ ကျွန်တော်တို့ အရွယ်တန်း သတင်းသမားဆိုသူများဟာ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းမီဒီယာနယ်ပယ်ထဲ ဝင်ရောက်လာကြတာများပါတယ်။ တချို့ပြည်ပ မီဒီယာတွေမှာ လုပ်ကြံသတင်းတွေကို အာဘောင်အာရင်းသန်သန်နဲ့ အော်နေကြသူ တချို့ကိုလည်း သိကျွမ်းခင်မင်ခဲ့ဖူးပါတယ်။ သို့ပေသော် ရည်ရွယ်ချက် မတူ၊ ရပ်တည်ချက်တူတဲ့အခါကြတော့ တချို့ခပ်တန်းတန်း ဖြစ်သွားတယ်။ တချို့တွေက ပြည်ပမီဒီယာတွေရဲ့ အလိုကျ သံယောင်လိုက်ပြီး လူမျိုးလိမ်နာမည်အော်နေကြတယ်။ ငွေကြေးတစ်ခုအတွက် ကိုယ့်တိုင်းရင်းသားပြည်သူကို အတိဒုက္ခရောက်အောင် လုပ်ဖို့လည်း ဝန်မလေးဘူး။ တိုင်းတပါးသားတွေ အလိုကျ ဖန်တီးပုံဖော်ဖို့လည်း ဝန်မလေးဘူး။

သူတို့ကတော့ ပရော်ဖက်ရှင်နယ်သတင်းသမားတွေလို့ ပြောမှာပေါ့။ သတင်းသမားတွေ ဖြစ်တဲ့အတွက် သတင်းသမား ကျင့်ဝတ်တော့ သိကြမှာပေါ့။ အဲဒီလို လုပ်ကြံဖန်တီးပြောဆိုမှုတွေနဲ့ အများပြည်သူကြားကို ဖြန့်ဝေနေတာ ကျင့်ဝတ်သိက္ခာနဲ့ ညီရဲ့လားလို့ အဲဒီ ပရော်ဖက်ရှင်နယ်သတင်းသမားကြီးတွေကို မေးကြည့်စမ်းပါ။

စာအရမ်းရှည်နေမှာစိုးလို့ သတင်းသမားအမည်ခံ အမျိုးယုတ် (၂)ကောင် အကြောင်းကိုပဲ အဓိကထားပြီး ပြောပြပေးလိုက်ပါမယ်။ ပထမတစ်ယောက်ကတော့ Myanmar Now သတင်းဌာန က ဆွေဝင်း ဆိုတဲ့ ကောင်ပဲ ဖြစ်ပါတယ်။ ဆွေဝင်း သတင်းသမားအဖြစ် လူသိများလာတာ ရန်ကုန်မြို့ပေါ်မှာ ကုလားအိမ်တစ်အိမ်က အိမ်ဖောင်ကလေးမလေးများကို မဖွယ်မရာပြုမူစော်ကားတာကို ဖော်ထုတ်တာက စပြီး လူသိများလာခဲ့ပါတယ်။ အဲဒီကိစ္စဖော်ထုတ်ပြီး နောက်ပိုင်း ဆွေဝင်းကို ကုလားတွေက ဘယ်လို ကမ်းလှမ်းမှုတွေ လုပ်လိုက်သလဲတော့ မသိနိုင်ပါဘူး။ ဆွေဝင်း မီဒီယာနယ်ပယ်မှာ ရပ်တည်ဆောင်ရွက်ခဲ့တဲ့ ကာလတလျှောက် အမျိုးသားရေး သံဃာတော်တွေအပေါ် အများပြည်သူ အထင်လွဲအမြင်မှားဖြစ်အောင် လုပ်ကြံဖန်တီး ရေးသားဖော်ပြတယ်။ အဓိကအားဖြင့် ဆရာတော်ဦးဝီရသူကို ပစ်မှတ်ထားပြီး အပုပ်ချစော်ကားရေးသားတယ်။ သံဃာတော်တစ်ပါးကို အသည်းအသန် မုန်းတီးတာ သာမာန် ပယောဂမဟုတ်ဘူးလေဗျာ။ ဆရာတော် ဦးဝီရသူ ကဲ့သို့သော အမျိုးသားရေးသံဃာတော်တွေကို မုန်းတီးတာ ဘယ်သူတွေလဲ စဉ်းစားကြည့်လေ။ အိုအိုင်စီ သြဇာခံ လူမျိုးလိမ်အရေးလှုပ်ရှားနေတဲ့ မွတ်စလင်တွေပဲ မဟုတ်လား။ အဲဒီ လူတွေထက်ကို ပိုပြီး ဆွေဝင်း က ဆရာတော်ဦးဝီရသူ၊ မဘသဆရာတော်များကို အများပြည်သူ အထင်လွဲအမြင်မှားဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်ကြံဖန်တီးရေးသား ဖော်ပြတယ်။

ဆွေဝင်း ဟာ အဲဒီလူမျိုးလိမ်အရေးလှုပ်ရှားသူတွေဆီက ဘယ်လောက်အထိအောင် မြိုထား စို့ထားသလဲ မပြောတတ်ဘူး။ အမျိုးစောင့်ဥပဒေအောင်ပွဲကို မဘသအဖွဲ့ကြီးက သုဝဏ္ဏအားကစားကွင်းကြီးမှာ ကျင်းပခဲ့ကြတယ်။ အဲဒီ အခမ်းအနားထဲကို ဆွေဝင်း နဲ့ အလိုတူအလိုပါ သံဃာတစ်ပါး ဝင်လာပြီး ပြဿနာရှာသွားတယ်။ သူတို့ကို ဘယ်သူကမှ လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။

အဲဒီအမျိုးယုတ် ဆွေဝင်းဟာ NLD အာဏာရတဲ့ကာလမှာ မဘသအဖွဲ့ကြီး ပျက်စီးရာပျက်စီးကြောင်း ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပြည်ဖျက်မီဒီယာတွေနဲ့ လက်တွဲပြီး အာသွန်ခွန်စိုက် လုပ်ခွင့်ရခဲ့တယ်။ မဘသအဖွဲ့ကို NLD အစိုးရက ဖျက်သိမ်းတယ်။ သူတို့တွေ တခဏတာ အောင်ပွဲခံခွင့်တော့ ရခဲ့တာပေါ့ဗျာ။ မဘသ ဆရာတော်ကြီးများက တိုင်းပြည်မှာ ဆူပူမှုတွေ မဖြစ်ပေါ်စေဖို့ သည်းခံခြင်း ခွင့်လွှတ်ခြင်းနဲ့သာ ပြည်ဖျက်မိစ္ဆာတွေ ယုတ်မာရိုင်းစိုင်းသမျှကို ခေါင်းငုံ့ခံပေးခဲ့တယ်။ တူသောအကျိုး ချက်ချင်းလက်ငင်း အကျိုးပေးတယ်။ မဘသအဖွဲ့ကြီးကို ဖျက်သိမ်းခဲ့တဲ့ NLD ပါတီလည်း နှစ်ပိုင်းမျှမခံ ပျက်သုဉ်းခြင်းကို ရောက်ခဲ့ရတယ်။ တချို့ကိစ္စတွေမှာ ဝဋ်လည်တာမျိုးက ချက်ချင်းလက်ငင်းမဖြစ်ဘူး။ သို့ပေသော် သူတော်ကောင်းများကို ပစ်မှားစော်ကားရင်တော့ ချက်ချင်း လက်ငင်း အကျိုးပေးတယ်ဆိုတာ NLD ပျက်သုဉ်းခြင်းက သက်သေပါပဲ။ ဆွေဝင်းတို့လို အမျိုးယုတ်တွေကို အသုံးချပြီး မလုပ်သင့် မလုပ်အပ်တာတွေ လုပ်ခဲ့တဲ့ အခါမျိုးမှာ အကုသိုလ်က ချက်ချင်းလက်ငင်း အကျိုးပေးပြီး ရာဇပုလ္လင်ပေါ်ကနေ လမ်းဘေးရောက်သွားရတယ်။

နောက်တစ်ယောက်ကတော့ Khit Thit Media လို့ အများပြည်သူကြားမှာ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေကြောင့် ပိုမိုလူသိများ လာတဲ့ ပြည်ဖျက်မီဒီယာက သာလွန်ဇောင်းထက် ဆိုသူ ဖြစ်ပါတယ်။ သူကတော့ အစောပိုင်း က DVB သတင်းဌာန မှာ အလုပ်လုပ်သူ တစ်ဦး။ NLD အစိုးရ တက်လာတဲ့အချိန်မှာ Khit Thit Media လို့ တစ်စင်ထောင်ပြီး ရပ်တည်လာခဲ့ပါတယ်။ မီဒီယာသမားအများစုရဲ့ ဓာတ်ခံကတော့ အများပြည်သူ ဆုံးရှုံးနစ်နာနေရတဲ့ ကိစ္စတွေကို ပြေလည်မှုရစေချင်တဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိပါတယ်။ သို့ပေသော် သူတို့ကို ငွေကြေး ပေးကမ်းထောက်ပံ့သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပြီး လုပ်ဆောင်လာတဲ့အခါမျိုးမှာတော့ ကောင်းမွန်တဲ့ စိတ်ဓာတ်လေးတွေ ပျောက်ဆုံးသွားတယ်။ အများပြည်သူကို အတိဒုက္ခရောက်အောင် ဖန်တီးမယ်။ မိမိရဲ့ နိုင်ငံရေးအစွန်းရောက်စိတ်ကို ရှေ့တန်းတင်ပြီး လှုံ့ဆော်တယ်။ သူတို့ကိုယ်တိုင်ကြတော့ ဘေးလွတ်ရာကို ရောက်အောင်ပြေးတယ်။ နိုင်ငံရေးအသိတရား နည်းပါးတဲ့ သူတွေကို လှုံ့ဆော်ပြီး ခိုင်းစေတယ်။

ကျွန်တော် ကိုယ်တိုင် လုပ်ခဲ့ဖူးတဲ့ အလုပ်တွေ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း လုပ်ခဲ့ဖူးတယ်။ ကိုယ်နဲ့ တွဲနေတဲ့ သူတွေကို လက်ထောက်ချပြီး မင်းသွားလုပ်လိုက်လို့ မခိုင်းဘူး။ ကိုယ်တိုင် ရှေ့က လုပ်ပြတယ်။ ကိုယ်ဖြစ် ကိုယ်ခံရမယ့် ကိစ္စတွေမှာ ကိုယ့်ကြောင်သူတပါး ဒုက္ခရောက်စေမယ့် အလုပ်မျိုး မလုပ်ဘူး။ အမျိုးသားရေးလှုပ်ရှားမှုမှာလည်း ထိုနည်းတူစွာပဲ။ ကျွန်တော်ကတော့ ဒီကိစ္စကို လုပ်မှာ။ သဘောတူ လက်ခံ ယုံကြည်တဲ့သူ လက်တွဲ လုပ်ဆောင်လို့ရတယ်။ သဘောမတူဘူး။ ပူးပေါင်းပါဝင် ဆောင်ရွက်လိုခြင်း မရှိရင် မပါနဲ့။ ဒါမျိုးပဲ လုပ်ခဲ့တယ်။

ဆွေဝင်း၊ သာလွန်ဇောင်းထက်တို့ ဆိုတဲ့ ကောင်တွေကြတော့ သူတို့ကိုယ်တိုင်း ဘေးဖြစ်မခံဘူး။ ကျန်တဲ့သူကိုတော့ သေကြောင်းကြံတယ်။ သေတွင်းထဲ တွန်းပို့တယ်။ သူတို့ကို မွေးခဲ့တဲ့ မိခင်တွေရဲ့ ရည်ရွယ်ချက်မှာတော့ သူတို့သားတွေကို အမျိုးယုတ်တွေ ဖြစ်စေချင်မှာမဟုတ်ဘူး။ သို့သော် သူတို့ သားလေးတွေသည် ငွေကြေး ရလိုမှုကို ရှေ့တန်းတင်ပြီး အများပြည်သူ အတိဒုက္ခရောက်စေမယ့် အလုပ်ကို လုပ်တယ်။ ကိုယ့်တိုင်းရင်းသားပြည်သူ အချင်းချင်း သေကြောင်းကြံတဲ့ လုပ်ရပ်တွေ လုပ်နေတာကို တားချင်မှာပဲ။ သို့သော် သူတို့ မွေးထားတဲ့ သားတွေက အမျိုးယုတ်တွေ ဖြစ်ကုန်ပြီ။ ငွေကြေးရလိုမှုကိုသာ ရှေးရှုပြီး ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ လူယုတ်မာ စိတ်ဓာတ်တွေနဲ့ လုပ်နေကြပြီ။ သူတို့ မိဘတွေ တားဆီးလို့ မရတော့ဘူး။

ဒီနေရာမှာ ကျွန်တော့် မိခင် နိုင်ငံရေးသမားများကို အကဲခတ်ပုံ ပြောပြမယ်။ ကျွန်တော့် အမေက အခြေခံပညာအဆင့်လောက်ပဲ တတ်တဲ့ အမျိုးသမီးပါ။ အဖေက နိုင်ငံရေးသမား၊ အဖေလက်တွဲခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ သဘောသဘာဝတွေကို သူသိတယ်။ နိုင်ငံရေးသမားတစ်ယောက် ပြောပုံ ဆိုပုံကို ကြည့်လိုက်ရင်ပဲ ရိုးသားတဲ့ နိုင်ငံရေးသမားလား၊ ကလိမ်ကကျစ် နိုင်ငံရေးသမားလား ကျွန်တော့်အမေက ခန့်မှန်းနိုင်တယ်။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ရွှန်းရွှန်းဝေ ပြောနေပြီဆိုရင် အဲဒီ နိုင်ငံရေးသမား လူလိမ်၊ ကလိမ်ကကျစ် ဆိုတာကို အမေသိတယ်။

အဲဒါကို ဘယ်မှာ လက်တွေ့ မြင်ခဲ့ရလဲဆိုတော့ ဘိုကလေးကနေ အမေနဲ့ ကျွန်တော် ဂရမ်းရွာဘက်ကို သွားခဲ့တဲ့ အချိန် ကျွန်တော် ခုနှစ်တန်းအောင်ပြီးတဲ့ အချိန်ပေါ့။ စက်စုကနေ ဂရန်းကို လိုက်လာတဲ့ ပင်နီဝတ် နိုင်ငံရေးသမား ၂ယောက် တက်လာတယ်။ ကျွန်တော်က ပင်နီဝတ်နိုင်ငံရေးသမားတွေဆိုရင် စိတ်ဝင်စားတယ်။ သူတို့ ပြောတဲ့နိုင်ငံရေးစကားတွေကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတယ်ပေါ့ဗျာ။ အဲဒီ လူနှစ်ယောက် ဘာတွေ ပြောနေလဲ ကျွန်တော် နားစိုက်ထောင်နေတာကို အမေအကဲခတ်မိတော့ အမေက အဲဒီလူတွေဟာ မူမမှန်ဘူးဆိုတာကို မျက်ရိပ်မျက်ကဲနဲ့ ပြောတယ်။ ကျွန်တော်လည်း အဲဒီလူ ၂ယောက် နဲ့ ခပ်ခွါခွါပဲ နေလိုက်တယ်။

ဂရမ်းရွာ ရောက်လို့ နိုင်ငံရေးသမား ၂ယောက် စက်စုက လိုက်လာတဲ့အကြောင်း ဘကြီးကို ပြောပြတော့ ဘာမှ နိုင်ငံရေးသမားမဟုတ်ဘူး။ စက်စုက ချဲဒိုင်တွေတဲ့။ တစ်ဖက်မှာ တရားမဝင် လောင်းကစားလုပ်တယ်။ တစ်ဖက်မှာ ဟိတ်ကြီး ဟန်ကြီးနဲ့ နိုင်ငံရေးသမားလို့ လူလုံးပြတယ်ပေါ့ဗျာ။

နိုင်ငံရေးသမားများထဲမှာလည်း အဲဒီလို လုပ်စားနိုင်ငံရေးသမားများ ရှိသလို ကျွန်တော်တို့ မီဒီယာနယ်ပယ်မှာလည်း ငွေမျက်နှာတစ်ခုတည်းကို ကြည့်ပြီး အများပြည်သူ အသိအမြင်လွဲမှားအောင် လုပ်ကြံဖန်တီး လှုံ့ဆော်ရေးသားပြီး စီးပွားရှာနေတဲ့ ပြည်ဖျက်မီဒီယာတွေ ရှိတယ်။ တစ်နည်းအားဖြင့် လေလှိုင်းပေါ် က လူသတ်သမားလို့လည်း ဆိုနိုင်ပါတယ်။ အကြမ်းဖက်လှုပ်ရှားသူတွေနဲ့ ပြည်ဖျက်မီဒီယာက သာလွန်ဇောင်းထက်၊ ဆွေဝင်းတို့နဲ့ တိုက်ရိုက် အချိတ်အဆက်ရှိတယ်။ အကြမ်းဖက်သမားများက သူတို့ကို အားပေးထောက်ခံခြင်းမရှိတဲ့ တခြားပါတီကလူ၊ အမျိုးသားရေးထဲကလူ၊ ဒလန်၊ ပျူစောထီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သတ်မယ်။ ပြီးတဲ့အခါမှာ သာလွန်ဇောင်းထက်၊ ဆွေဝင်း တို့ဆီ သတင်းပို့ရတယ်။ အဲဒီလို လုပ်ခဲ့ကြတာကို မြင်တွေ့ရတယ်။

ဆွေဝင်း၊ သာလွန်ဇောင်းထက် တို့ရဲ့ လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေကို လေ့လာအကဲဖြတ်ပြီးတော့ မီဒီယာနယ်ပယ်ထဲကို ဝင်လာကြမယ့် ညီငယ်၊ ညီမငယ်တွေအနေနဲ့လည်း ငါတို့ မီဒီယာနယ်ပဲ ရောက်ရင် ဘယ်လို ရပ်တည်ဆောင်ရွက်မှာလဲဆိုတာကို ခိုင်ခိုင်မာမာ စဉ်းစားကြ။ ငါတို့သည် အများပြည်သူ ကောင်းကျိုးဖြစ်အောင် ရပ်တည်မယ့် မီဒီယာသမားလား၊ အများပြည် အတိဒုက္ခရောက်အောင် ဖန်တီးမယ့် မီဒီယာသမားလား။ ဆွေဝင်း၊ သာလွန်ဇောင်းထက်တို့လို အမျိုးယုတ်လမ်းစဉ်နောက်ကို လိုက်မလား။ ငွေကြေးရလိုမှုတစ်ခုကို ရှေ့တန်းမတင်ဘဲ အများပြည်သူ ကောင်းကျိုးဖြစ်အောင် လုပ်ကြမလားဆိုတာကို စဉ်းစားကြဖို့ပါပဲ။

ကျွန်တော်တို့တွေ အဆင်မပြေမှုတွေကြားက မီဒီယာနယ်ပယ်ထဲကို တိုးဝင်ခဲ့တယ်။ ရေသောက် ဗိုက်မှောက်ပြီး အိပ်ခဲ့ရတဲ့ နေ့တွေ ရှိတယ်။ ထမင်းငတ်ခဲ့ရတဲ့ နေ့တွေ ရှိတယ်။ ကိုယ်တိုင်လေ့လာသင်ယူရင်း လုပ်ငန်းခွင်မှာ အဆင်ပြေအောင် ကြိုးစားခဲ့ရတယ်။ ကျွန်တော်တို့တွေအနေနဲ့လည်း အမျိုးတွေရဲ့ လမ်းစဉ်နောက်ကို လိုက်ချင်ရင် အလွယ်လေးပါပဲ။ သူတို့ ပေးတာယူ၊ သူတို့နဲ့ တသားတည်းရပ်တည်ပြီး အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်ကြံဖန်တီးရေးသားနေမယ်ဆိုရင် ကျွန်တော့်တစ်မိသားစုအတွက်တော့ အေးအေးဆေးဆေး ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော် ရဲ့ ပယောဂမကင်းတဲ့ သတ်ဖြတ်မှုတွေ ဖြစ်လာမယ်။ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း အမုန်းပွားအောင် လှုံ့ဆော်ရတာတွေ ဖြစ်လာမယ်။ ကျွန်တော်တို့ အဲဒီလောက်ထိ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့ဘူး။ နီပိန်းတွေကိုလည်း သေစေလိုတဲ့ ဆန္ဒမရှိဘူး။ နီပိန်းတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် သေခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ်မှာလည်း နှလုံးစိတ်ဝမ်း မအေးချမ်းရပါဘူး။

ကျွန်တော်တို့ ပြည်တွင်းမှာ ရပ်တည်နေတဲ့ သတင်းသမားဆိုတာ အများပြည်သူကလည်း ကူညီထောက်ပံ့နိုင်စွမ်း မရှိကြပါဘူး။ သူ့အခက်အခဲနဲ့ သူပါပဲ။ ကူညီထောက်ပံ့နိုင်သူတွေကလည်း သူတို့အကျိုးစီးပွားအတွက် အသုံးချလို့ ရမှသာ ကူညီချင်ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်နေတဲ့ သတင်းသမားများအတွက် ခက်ခဲပါတယ်။

ဒါကြောင့်ပဲ ပြည်ဖျက်မီဒီယာတွေက မက်လောက်တဲ့ ငွေကြေးနဲ့ သိမ်းသွင်းလိုက်တဲ့အခါမျိုးမှာ အမျိုးယုတ်လေးတွေ ဖြစ်မှန်းသမိ ဖြစ်သွားကြတာပါပဲ။ ဆွေဝင်း၊ သာလွန်ဇောင်းထက် တို့ ဆိုရင် သံဃာတော်တွေ၊ ဆရာ/ဆရာမတွေပါအချန် လုပ်ကြံသတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့ကြတယ်။ သူတို့ရဲ့ ပယောဂကြောင့် ပြည်တွင်းမှာ အပြစ်မဲ့ ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရပြီ။

သူတို့တွေရဲ့ ယုတ်မာအောက်တန်းကျတဲ့ လုပ်ရပ်တွေကို ကြည့်လိုက်ရင် သူတို့ကို မွေးခဲ့တဲ့ မိခင်တွေမှာ သားကောင်းရတနာကို မရလိုက်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အတိဒုက္ခရောက်အောင် လုပ်မယ့် အမျိုးယုတ်လေးတွေကို မွေးထုတ်ခဲ့သလို ဖြစ်နေတယ်။ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်လှုံ့ဆော်သူ စာရင်းကို ချရေးပြလို့ မကုန်နိုင်ပါဘူး။ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများ ပွစိတက်နေတယ် မဟုတ်ပါလား။ ဒီအထဲကမှ ဆွေဝင်း၊ သာလွန်ဇောင်းထက် ဆိုသူ အမျိုးယုတ် ၂ဦး အကြောင်းလေးကို သဓကထားပြီး တင်ပြပေးခြင်းပါ။ 

ဒါကြောင့် မိခင်များအနေနဲ့ မိမိတို့ရဲ့ သားသမီးများကို ပြုစုပျိုးထောင်ရာမှာ မိမိတို့ရဲ့ သားသမီးများရဲ့ ဝါသနာအရ နိုင်ငံရေးသမား၊ စစ်သား၊ မီဒီယာသမား၊ အနုပညာ မည်သည့်နယ်ပယ်မှာ ရပ်တည်ဆောင်ရွက်ကြရသည်ဖြစ်စေ ပြည်ပသြဇာခံ အမျိုးယုတ်များ မဖြစ်စေဖို့ ဆွေဝင်း၊ သာလွန်ဇောင်းထက်တို့ကို နမူနာထားပြီး သင်ကြား ဆုံးမကြပါ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)