မြို့သစ်မြို့နယ်တွင် နွေစပါးနှင့်နွေသီးနှံစိုက်ပျိုးရေးအတွက် ဆည်တမံများမှ စိုက်ပျိုးရေ စတင်ပေးဝေပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် နွေစပါးနှင့်နွေသီးနှံစိုက်ပျိုးရေးအတွက် ဆည်တမံများမှ စိုက်ပျိုးရေ စတင်ပေးဝေပြီဖြစ်



MNP ၊ဖေဖော်ဝါရီ ၁၉


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးနှင့်နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်၍ ဆည်တမံများမှ စိုက်ပျိုးရေများစတင်ပေးဝေနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နွေစပါးလျာထားဧက (၆၇၁၇)ဧက၊ နွေနှမ်းလျာထားဧက (၃၆၈၉)ဧက လျာထားဆောင်ရွက်လျက်ရှိပြီး နတ်မောက်တမံမှ(၆၈၄၀)ဧက၊ ပုလင်းတမံမှ (၇၀၀)ဧက၊ စွန်ဆည်တမံမှ (၁၈၀၀)ဧကနှင့်ဆဒ္ဒန်ဆည်တမံမှ (၁၀၆၆)ဧက စုစုပေါင်းနွေစပါးနှင့်နွေနှမ်းလျာထားဧက (၁၀၄၀၆)ဧကအတွက် စိုက်ပျိုးရေပေးဝေခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။


ဝင်းအိဇွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)