MNP ၊ ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၃၀)အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက သင်တန်းသားများအား တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်လာနိုင်စေရန်၊ မိသားစုဝင်ငွေတိုးပွားလာအောင် ဆောင်ရွက်နိုင်စေရန်၊ မိမိတို့ကျေးရွာအတွင်းအလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွန်းလာစေရန်၊ အိမ်တွင်းတစ်ပိုင်တစ်နိုင်လုပ်ငန်းများမှသည် အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ပေးရာ စိတ်ဝင်စားစွာလေ့လာမှတ်သား၍ လက်တွေ့ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားပြီး ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဒေါ်စောယုမွန်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက တန်ဖိုးမြှင့်စားသောက်ကုန်ပြုလုပ်မည့်ကုန်ကြမ်းပစ္စည်းများ၊ လိုအပ်သည့်စက်ကိရိယာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါသင်တန်းတွင် သစ်သီးယိုအမျိုးမျိုး၊ ဖျော်ရည်အမျိုးမျိုး၊ ဂျယ်လီ၊ ပြောင်းဖူးပေါက်ပေါက် ပြုလုပ်နည်းများပါဝင်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ ငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီးသင်တန်းသို့ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသည့်ပြည်သူများ၊ နည်းပြဆရာ၊ ဆရာမများ၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။
လပြည့်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment