ရွှေတောင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေထုတ်ပေး

 


MNP  ၊ ဖေဖော်ဝါရီ -၂၁

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉နာရီကစတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သက်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင်ထုတ်ပေးလျက်ရှိရာ နံနက်၉း၀၀နာရီမှမွန်းလွဲ ၂း၀၀ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီးအငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင် ( ၉၁၀)  ဦး၊ကာကွယ်ရေးပင်စင် ( ၈၅၆) ဦး၊ နိုင်ငံရေးပင်စင် (၇၅) ဦး၊ဘဏ်ပင်စင် ( ၁၇) ဦး စုစုပေါင်း (၁၈၅၈) ဦးရှိကြောင်းသိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးခြင်းကို ကိုဗစ် - ၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီသက်တောင့်သက်သာစိတ်အေးချမ်းစွာဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)